သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ကန်သမ္မတကြားက တင်းမာမှု

အမေရိကန် သမ္မတ Donald Trump က အီရန်အပေါ် ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ တနင်္ဂနွေည Twitter လူမှုကွန်ယက်က မှတ်ချက်ကြောင့် အီရန်ကို ရန်စရာရောက်မှာ လုံးဝမစိုးရိမ်ကြောင်း ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ ပြင်းထန်တဲ့မှတ်ချက်အပေါ် တုန့်ပြန်တဲ့ အနေနဲ့ သမ္မတ Trump က တိတိကျကျ မပြောပေမဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန်ကို ဘယ်တော့မှ မခြိမ်းခြောက်ဖို့နဲ့ ခြိမ်းခြောက်ခဲ့မယ်ဆိုရင် သမိုင်းတွင်လောက်အောင် အကျိုးဆက်တွေ ကြုံရမှာဖြစ်ကြောင်း သမ္မတ Trump က အီရန်သမ္မတ Hassan Rouhani ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့တဲ့အပေါ် မနေ့တုန်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေက မေးမြန်းရာမှာ စိုးရိမ်စရာ မရှိကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေး John Bolton ကတော့ ပြီးခဲ့တဲ့ ရက်အတော်ကြာကြာကတည်းက သမ္မတနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး၊ အီရန်ဘက်က လုံးဝအနှုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်မျိုးတွေ လုပ်လာခဲ့မယ်ဆိုရင်၊ အရင်က နိုင်ငံအနည်းအကျဉ်းလောက်သာ ကြုံခဲ့ရဖူးတဲ့ ပေးဆပ်မှုမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သမ္မတက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ သမ္မတ Trump ရဲ့ Twitter မှတ်ချက်ကိုတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပယ်ချခဲ့တာပါ။

အီရန်သမ္မတကတော့ အီရန်နဲ့ ငြိမ်းချမ်းရေးဟာ အကောင်းတကာ့ အကောင်းဆုံး ငြိမ်းချမ်းရေးတရပ် ဖြစ်သလို၊ အီရန်နဲ့ စစ်ဖြစ်ခဲ့မယ်ဆိုရင် အဆိုးဆုံးစစ်ပွဲဖြစ်လာမှာကို အမေရိကန်အနေနဲ့ သဘောပေါက်သင့်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ မှတ်ချက်မှာတော့ ခြင်္သေ့အမြီးနဲ့ ကစားရင်၊ နောင်တရတဲ့ အဖြစ်မျိုးနဲ့ ကြုံရနိုင်ကြောင်း ပြောဆိုခဲ့တာပါ။ ပြည်တွင်းမှာ နိုင်ငံရေးအရ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်နဲ့ အီရန်သမ္မတတို့ အပြန်အလှန် ခြိမ်းခြောက်နေကြတာလည်း ဖြစ်ပါတယ်။ အီရန်သမ္မတကတော့ ပြည်တွင်းက စီးပွားရေးအခြေအနေတွေအပေါ် မကျေနပ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဝေဖန်သူ တချို့ကတော့ အမေရိကန်နဲ့ အီရန်သမ္မတတွေဟာ ပြည်တွင်းမှာ ထောက်ခံမှုရဖို့ အခုလို ပြင်းထန်တဲ့ မှတ်ချက်တွေ ပြောဆိုနေကြတာလား ဆိုပြီးတော့လည်း မေးခွန်းထုတ်နေကြပါတယ်။

XS
SM
MD
LG