သုံးရလွယ်ကူစေသည့် Link များ

အီရန်အပေါ် တင်းမာတဲ့ ဗျူဟာသစ် သမ္မတ Trump ချမှတ်


အီရန်အရေး မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတထရမ့် ( အောက်တိုဘာ ၁၃-၂၀၁၇)
အီရန်အရေး မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတထရမ့် ( အောက်တိုဘာ ၁၃-၂၀၁၇)

အီရန်နိုင်ငံဟာ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ သက်တမ်းနှစ်နှစ်ရှိ နျူကလီးယားသဘောတူစာချုပ်ပါ သဘော တူညီချက်တွေအတိုင်း လိုက်နာ လုပ်ဆောင်ခြင်းမရှိဘူးလို့ဆိုပြီး အီရန်ဆိုင်ရာ တင်းမာတဲ့ မဟာဗျူဟာသစ်တခုကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သောကြာနေ့မှာ ချပြလိုက်ပါတယ်။ အဲဒီထဲမှာ အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်နိုင်မယ့် လမ်းကြောင်းပေါ်မရောက်အောင် တားဆီးရေး နောက်ထပ် ဒဏ်ခတ်အရေးယူူမှုတွေ ချမှတ်ဖို့လဲ ပါဝင်ပါတယ်။

အီရန်အစိုးရရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို ရင်ဆိုင်ဖို့နဲ့ အီရန်နိုင်ငံအနေနဲ့ ဘယ်တော့မှ၊ ကျနော်ဆိုလိုတာ ဘယ်တော့မှ နျူကလီး ယားလက်နက် ရမသွားစေဖို့ အဓိကလုပ်ဆောင်မယ့် အချက်တွေနဲ့အတူ ကျနော်တို့ရဲ့ မဟာဗျူဟာကို ဒီကနေ့ ကြေညာပါတယ် လို့ သောကြာနေ့က သမ္မတအိမ်ဖြူတော်ကနေ တနိုင်ငံလုံးကို ရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ သမ္မတက ပြောသွားပါ တယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ၊ ဂျာမနီ၊ ဥရောပသမဂ္ဂတို့နဲ့ အီရန်နိုင်ငံအကြား ၂၀၁၅ ခုနှစ်က ရယူထား တဲ့ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့တော့ သမ္မတထရမ့်ပ်က ထပ်ပြောမသွားတော့ပါဘူး။

ဒါပေမဲ့ သဘောတူစာချုပ်ပါ အချက်တွေအတိုင်း အီရန်က လိုက်နာ လုပ်ဆောင်နေတယ်ဆိုတာ ဆက်ပြီး အသိအမှတ်ပြုပေးတာမျိုး မလုပ်တော့တာကြောင့် နောက်ထပ် အရေးယူလုပ်ဆောင်ဖို့ လိုမလိုဆိုတာကို ကွန်ဂရက်လွှတ်တော်အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ဆုံးဖြတ် လုပ်ဆောင် ရတော့မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG