သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim နဲ့ ထိပ်သီးညီလာခံကျင်းပဖို့ Trump ဟနွိုင်းကို ထွက်ခွာ


အမေရိကန်သမ္မတ Trump ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ
အမေရိကန်သမ္မတ Trump ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

အမေရိကန်သမ္မတ Donald Trump ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ဖို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို တနင်္လာနေ့မှာ စတင်ထွက်ခွာသွားပါပြီ။ နျူကလီယားလက်နက် ဖျက်သိမ်းမယ်လို့ ကတိပြုထားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim လုပ်ဆောင်မယ့် အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး သဘောတူညီမှု တစုံတရာ ရမယ်လို့ မျှော်လင့်ထားကြောင်း သမ္မတက ပြောပါတယ်။

နျူကလီယားလက်နက် မဖျက်သိမ်းဘူးဆိုရင် မြောက်ကိုရီးယားရဲ့ ဆင်းရဲတွင်းနက်မှုဟာ တာရှည်ဖြစ်နေနိုင်တယ်လို့ သမ္မတ Trump က တွစ်တာမှာ ရေးပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် Kim ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိမ့်မယ်လို့လည်း သမ္မတက ခန့်မှန်းထားတာပါ။

တနင်္ဂနွေနေ့ညကတော့ သူနဲ့ Kim တို့ ၂ ဦး မျက်လုံးချင်းဆုံလိုက်တာနဲ့ လာမယ့် ရက်တွေ အတွင်း ဘာတွေ ဖြစ်လာမယ် ဆိုတာကို မြင်ရမယ်လို့ သူယုံကြည်ကြောင်း အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေးမှုးများ နဲ့ပြုလုပ်တဲ့ အစည်းဝေးမှာ သမ္မတက ပြောပါတယ်။ ဗီယက်နမ်မှာ ၂ ရက်ခွဲလောက်ဟာ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းတာတွေ ဖြစ်လာမယ်လို့ သူယုံကြည်ကြောင်းနဲ့ဒါဟာ ကမ္ဘာကြီးအတွက် အလွန် အန္တရာယ်ကြီးတဲ့ ဒေသမှာ နျူကလီယား လုံးဝကင်းစင်နိုင်တဲ့ အခွင့်အရေးတရပ်ကို ရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သမ္မတ Turump နဲ့ Kim တို့ ၂ ဦး ပြီးခဲ့တဲ့ ဇွန်လမှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီးတဲ့ နောက် သမ္မတ Trump က မြောက်ကိုရီးယားဆီက နျူကလီယား ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမှာ Kim နဲ့ Trump တို့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေအတွင်း တွေ့ဆုံတဲ့အခါမှာမှ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ နျူကလီယား ဖျက်သိမ်းဖို့ ပေးထားတဲ့ ကတိအတွက် အသေးစိတ်အချက်အလက်တွေကို ခိုင်ခိုင်မာမာ ချမှတ်နိုင်ခြေရှိနေပါတယ်။

XS
SM
MD
LG