သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ

1/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
2/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
3/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
4/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
5/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
6/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
7/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
8/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
9/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
10/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
11/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
12/12
ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဗြိတိန်နိုင်ငံမှာ နိုင်ငံတော်ဧည့်သည် အဖြစ်ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump ကို ဘုရင်မကြီး Elizabeth က Buckingham နန်းတော်မှာ ဒီကနေ့ လက်ခံ ကြိုဆိုခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်း လန်ဒန်မြို့တော်ကို ရောက်လာတဲ့ သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့ကို ဗြိတိန်ဘုရင်မကြီးက Buckingham နန်းတော်မှာ တေ့ွဆုံပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံတာ ဖြစ်ပါတယ်။ နန်းတော်ကို ရောက်လာချိန်မှာ သမ္မတကို ကြိုဆိုတဲ့အနေနဲ့ အနားက Green Park ပန်းခြံမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့ပါတယ်။

ဘုရင်မကြီးနဲ့ တွေ့ဆုံပြီးရင် သမ္မတနဲ့ သမ္မတကတော်တို့ကို အိမ်ရှေ့မင်းသား Charles နဲ့ ဇနီးတို့က Clarence House အိမ်တော်မှာ နေ့လည်ခင်း လက်ဘက်ရည်ပွဲနဲ့ တည်ခင်း ဧည့်ခံဖို့ရှိပါတယ်။ ညပိုင်းကျရင်တော့ အမေရိကန်သမ္မတကို ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုက နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။

သုံးရက်ခရီးစဉ်နဲ့ ဗြိတိန်မှာ ရောက်နေတဲ့ သမ္မတ Trump ဟာ ရာထူးကနေ ထွက်တော့မယ့် ဝန်ကြီးချုပ် Theresa May နဲ့လည်း တွေ့ဆုံမှာပါ။ ခေါင်းဆောင် နှစ်ယောက် တေ့ွဆုံကြတဲ့အခါ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ တရုတ် Huawei နည်းပညာလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ဗြိတိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဗြိတိန်ကိုလာတဲ့အချိန်အတွင်း သမ္မတထရမ့်ပ်က လန်ဒန်မြို့တော်ဝန် Sadiq Khan ကို အသုံးမကျသူလို့ Twitter ပေါ်မှာ ဝေဖန်ရေးသားခဲ့ပါတယ်။ သမ္မတ Trump ရဲ့မူဝါဒတွေ၊ ပြောကြားချက်တွေကြောင့် သူ့ကို ကော်ဇောနီခင်း မကြိုသင့်ဘူးလို့ မြို့တော်ဝန် Khan က ပြောခဲ့တဲ့အပေါ် သမ္မတက တုံ့ပြန်ခဲ့တာပါ။

အမေရိကန်သမ္မတ ဗြိတိန်မှာ ရောက်နေစဉ်အတွင်း လန်ဒန်မြို့အပါအဝင် မြို့တချို့မှာ ဆန့်ကျင် ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ သမ္မတ Trump ဟာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ်ပွဲ အထိမ်းအမှတ် D-Day အမှတ်တရ အခမ်းအနားကို တက်ရောက်မှာဖြစ်သလို အိုင်ယာလန်နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ဗြိတိန်ဘုရင်မကြီး သမ္မတ Trump နဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG