သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ဇွန်လထဲ ဗြိတိန် နိုင်ငံတော်ခရီးသွားမည် 


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump ဟာ လာမယ့်ဇွန်လမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံကို သွားဖို့ရှိပြီး အဲလိဇဘက် ဘုရင်မကြီးနဲ့ရော ဝန်ကြီးချုပ် Theresa May နဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။

သမ္မတနဲ့ သမ္မတကတော် Melania Trump တို့ဟာ အဲလိဇက်ဘက် ဘုရင်မကြီးရဲ့ ဖိတ်ကြားချက်နဲ့ UK နိုင်ငံကို ဇွန်လ ၃ ရက် နေ့ကနေ ၅ ရက်နေ့အထိ သွားမယ်လို့ သမ္မတအိမ်ဖြူတော် ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်အကြား ခိုင်မာတဲ့ အထူးဆက်ဆံရေးကို ထပ်လောင်း ခိုင်မာစေမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ရောက်နေချိန်အတွင်း Portsmouth မှာလုပ်မယ့် ၇၅ နှစ်မြောက် D-Day နေ့အခမ်းအနားကို သမ္မတနဲ့ သမ္မတ ကတော်တို့ တက်ရောက်ကြပါမယ်။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေကို မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် D-Day နေ့အခမ်းအနားကို ကျင်းပမှာပါ။

ဗြိတိန်ခရီးစဉ်ပြီးတဲ့နောက် ပြင်သစ်နိုင်ငံကို သမ္မတနဲ့ သမ္မတကတော်တို့ ခရီးဆက်ပြီး Normandy ဒေသမှာ ဇွန်လ ၆ ရက်နေ့ ကျင်းပမယ့် D-Day နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်မှာလည်းဖြစ်ပါတယ။် အဲဒီခရီးစဉ်အတွင်း သမ္မတ ထရမ့်ပ်ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

သမ္မတ Trump ဇွန်လထဲ ဗြိတိန် နိုင်ငံတော်ခရီးသွားမည်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG