သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနယ်စပ် ပိတ်ရေးခြိမ်းခြောက်မှု သမ္မတ Trump ပြန်ရုပ်သိမ်း


မက္ကစီကိုနယ်စပ် ရှိ ကုန်ကားများ
မက္ကစီကိုနယ်စပ် ရှိ ကုန်ကားများ

အမေရိကန်နိုင်ငံထဲကို တရားမဝင် လာရောက်မှုတွေ မရှိစေဖို့ တောင်ဘက်က မက်ဆီကိုနယ်စပ်ကို ချက်ချင်းပိတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ သမ္မတ Donald Trump က ကြာသပတေးနေ့မှာတော့ ဆက်ခြိမ်းခြောက်တာတွေ မလုပ်တော့ပဲ အမေရိကန်ထဲ မူးယစ်ဆေးတွေနဲ့ တရားမဝင် လာရောက်သူတွေကို တားဆီးဖို့ မက်ဆီကိုကို အချိန် တနှစ်ပေးလိုက်ပြီး မတားဆီးနိုင်ရင်တော့ ကားတင်သွင်းမှုအတွက် အခွန် ကောက်ခံမှာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။

သမ္မတ Trump က ဒီနယ်စပ်ကို ပိတ်မှာဖြစ်ကြောင်း သူ့တွစ်တာကနေ ရက်အတော်ကြာ ပြောဆိုနေတဲ့အတွက် ဒီလိုပိတ်ပစ်ရင် ကမ္ဘာ့အကြီးဆုံးအမေရိကန်စီးပွါးရေး အတွက် သိသိသာသာသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတအိမ်ဖြူတော် စီးပွားရေးအကြံပေးတွေနဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်တွေက သမ္မတကို သတိပေးနေကြတာပါ။

တနေ့ကို အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံဖိုးလောက် နယ်စပ်ကျော်ဖြတ် စီးဆင်းနေတဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေနဲ့အတူ သန်းတဝက်လောက် ရှိနေတဲ့ တရားဝင်အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ဈေးဝယ်တွေနဲ့ ခရီးသွားတွေ နယ်စပ်ကျော်ဖြတ် လာရောက်နေမှုကို မထိခိုက်စေပဲ ဒီလို တရားမဝင်လာရောက်သူတွေကို တားဆီးဖို့ သမ္မတ Trump ဘယ်လို လုပ်ဆောင်နိုင်မယ်ဆိုတာကို သမ္မတအိမ်ဖြူတော်အရာရှိ တွေက နည်းလမ်းရှာဖို့ ကြိုးစားနေကြတာပါ။

မက္ကဆီကိုအနေနဲ့ အမေရိကတိုက်အလယ်ပိုင်း နိုင်ငံတွေဖြစ်တဲ့ Guatemala, Honduras နဲ့ El Salvador ကနေ မက်ဆီကို ကိုဖြတ်ပြီး အမေရိကန်နိုင်ငံထဲလာဖို့ လုပ်နေတဲ့ ရွှေ့ပြောင်းလူအုပ်စုကြီးတွေရဲ့ လမ်းကြောင်းကို မက်ဆီကိုက သူတို့ရဲ့ တောင်ဘက် နယ်စပ်ကနေ ချက်ချင်းတားဆီးနိုင်တယ်လို့ သမ္မတက အိမ်ဖြူတော်မှာ သတင်းထောက် တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG