သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကစီကိုနယ်စပ် သမ္မတ Trump သွားရောက်စစ်ဆေး


အမေရိကန် သမ္မတ Donald Trump (ဧပြီ၊ ၀၅၊ ၂၀၁၉)
အမေရိကန် သမ္မတ Donald Trump (ဧပြီ၊ ၀၅၊ ၂၀၁၉)

အမေရိကန် သမ္မတ Donald Trump အနေနဲ့ အမေရိကန် မက္ကဆီကို နယ်စပ် Calexico မြို့က နယ်စပ်ဖြတ် စစ်ဆေးရေးစခန်းကို သွားကြည့်ခဲ့ပါတယ်။

နယ်စပ်စစ်ဆေးရေးတပ်သားတွေ အောက်လွှတ်တော်အမတ်တွေနဲ့ Trump အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ သမ္မတ Trump က ဒီဒေသထဲ နယ်စပ်တံတိုင်းကာတဲ့နည်းနဲ့ အပြင်ကလူတွေ တိုင်းပြည်ထဲ ဝင်မလာအောင် တားဆီးရာမှာ တိုးတက်မှုတွေရနေပြီလို့ မနေ့က ချီးကြူးလိုက်ပါတယ်။

သမ္မတ Trump က တိုင်းပြည်ရဲ့ လူဝင်မှုကြီးကြပ်ရေး စနစ်ဟာ ပြည့်စုံသွားပြီ။ အပြင်ကလာတဲ့သူတွေကို Sorry ပါ၊ လက်မခံနိုင်တော့ဘူးလို့ ပြောရတော့မယ်။ ဒီဝင်လာသူတွေကို တကယ့်ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်တားဆီးသွားမယ်လို့ ဆိုလိုက်ပါတယ်။

သမ္မတ Trump က ဆက်ပြီး အမေရိကားကို လူတွေ ဝင်ရောက်လာချင်တာက အကြောင်း (၂) ချက်ထဲက တချက်ချက်ကြောင့်ပဲဖြစ်တယ်။ တချက်က တိုင်းပြည်က တကယ့်ကို တိုးတက်လွန်းလို့ဖြစ်တယ်၊ နောက်တချက်ကတော့ မရိုးမသား ကြံစည်ချင်ကြလို့ ဖြစ်တယ်။ ဒီနေရာမှာ ဂိုဏ်းသားတွေနဲ့ တခြားလူမျိုးစုံပါလည်း အဲ့ဒီလိုလူမျိုးတွေ မဝင်လာသင့်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သမ္မတ Trump ကပဲ မက္ကဆီကိုအနေနဲ့ ပြောင်းရွေ့အခြေချမဲ့သူတွေကို ပိတ်ပင်တားဆီးမှုတွေ မလုပ်ပေးရင် မက္ကဆီကိုနယ်စပ်ကို ပတ်ပစ်ချင်သေးတယ်။ ဒီနယ်စပ် ပိတ်မဲ့ သူ့သဘောထားကို မပြောင်းသေးဘူး။ တချိန်ချိန် ပိတ်ပစ်ကောင်းပိတ်ပစ်မယ်လို့ မက္ကဆီကို နယ်စပ်ကို မထွက်ခင်လေးပဲ ပြောခဲ့ပါသေးတယ်။

မက္ကစီကိုနယ်စပ် သမ္မတ Trump သွားရောက်စစ်ဆေး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG