သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံဆိုင်ရာ ကန် သံအမတ်သစ်အဖြစ် David Perdue ကို Trump အဆိုပြု


တရုတ်သံအမတ်ကြီးခန့်ဖို့ ရွေးကောက်ခံသမ္မတ Trump က ကြာသပတေးနေ့က လူမှုကွန်ရက်ပေါ်မှာ အသိပေးခဲ့သူ အမေရိကန် ဆေးဝါးနဲ့ အစားအသောက်လုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိချုပ် ဟောင်းလည်းဖြစ်၊ Georgia ပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ David Perdue
တရုတ်သံအမတ်ကြီးခန့်ဖို့ ရွေးကောက်ခံသမ္မတ Trump က ကြာသပတေးနေ့က လူမှုကွန်ရက်ပေါ်မှာ အသိပေးခဲ့သူ အမေရိကန် ဆေးဝါးနဲ့ အစားအသောက်လုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိချုပ် ဟောင်းလည်းဖြစ်၊ Georgia ပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ David Perdue

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ပေးဖို့ Georgia ပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်းကို အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က ရွေးချယ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆေးဝါးနဲ့ အစားအသောက်လုပ်ငန်းကြီးရဲ့ အမှုဆောင်အရာရှိချုပ် ဟောင်းလည်းဖြစ်၊Georgia ပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ David Perdue ကို တရုတ်သံအမတ်ကြီးခန့်မယ်လို့ရွေးကောက်ခံသမ္မတ Trump က ကြာသပတေးနေ့က လူမှုကွန်ရက်ပေါ်မှာ အသိပေးခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေး ပြန်လည် တည်ဆောက်ရာမှာ David Perdue ရဲ့ တန်ဖိုးရှိတဲ့ ကျွမ်းကျင်မှုတွေက အထောက်အကူဖြစ်မယ်လို့ Trump ကရေးသားခဲ့ပါတယ်။

သူသမ္မတ တာဝန်ယူတာနဲ့ တရုတ်က သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်လို့ Trump ကကြေညာထားတာကြောင့်Trump အစိုးရသစ်တက်လာရင် တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုက ၂ နိုင်ငံဆက်ဆံရေးမှာ အဓိကအဖုအထစ်ဖြစ်လိမ့်မယ်လို့ လေ့လာသူတွေက တွက်ဆထားကြပါတယ်။ ၂၀၂၅ ဇန်နဝါရီမှာ ဒုတိယအကြိမ် သမ္မတတာဝန်ကို Trump ယူတဲ့အခါ သူ့အစိုးရအဖွဲ့မှာ တာဝန်ယူမယ့်သူတွေကို အခုထဲက ရွေးချယ်လျာထားနေတာဖြစ်ပါတယ်။

အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတာဝန်အတွက်ကိုလည်း လက်ရှိ နယ်စပ်လုံခြုံရေးအကြီးအကဲ Rodney Scott ကို ခန့်အပ်မယ်လို့ Trump ကကြာသပတေးနေ့ညပိုင်းက ကြေညာပါတယ်။လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းချုပ်ရေး ICE ဌာနရဲ့ ယာယီညွှန်ကြားရေးမှူး တာဝန်အတွက် ICE ဌာနမှာ ၂၃နှစ်ကျော် လုပ်သက်အတွေ့အကြုံရှိတဲ့ Caleb Vitello ကို ရွေးချယ်မယ်လို့လည်း Trump ကပြောထားပါတယ်။

အမေရိကန်ထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်နေသူ သန်းနဲ့ချီကို ပြန်နှင်ထုတ်မယ်လို့ ကတိပြုထားတဲ့ Trump ရဲ့ ကတိအတိုင်း အကောင်အထည်ဖော်ဖို့ ဒီရာထူးတာဝန်ယူသူတွေရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ ကန် သံအမတ်သစ်အဖြစ် David Perdue ကို Trump အဆိုပြု
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG