သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၁၁ ဦး အသတ်ခံခဲ့ရတဲ့ Pittsburgh ဂျူးဘုရားကျောင်းကို Trump သွားရောက်


စနေနေ့က သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ဝတ်ပြုဆုတောင်းသူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ Pittsburgh က Tree of Life ဂျူးဘုရားကျောင်းကို အင်္ဂါနေ့မှာ အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ သွားရောက်ခဲ့ပါတယ်။

အဲဒီဘုရားကျောင်းက ဂျူးဘုန်းတော်ကြီး Jeffrey Myers နဲ့ အစ္စရေးသံအမတ်ကြီး Ron Dermer တို့ကို သမ္မတ Trump က လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

ဂျူးဝတ်ပြုဦးထုပ်ဆောင်းထားတဲ့ သမ္မတ Trump ရဲ့ သားမက် Jared Kushner နဲ့ သမ္မတ Trump ရဲ့ သမီးဖြစ်သူ Ivanka Trump တို့လည်း လိုက်ပါသွားတာပါ။ Ivanka ဟာ Jared နဲ့ လက်ထပ်ချိန်မှာ ဂျူးဘာသာထဲပြောင်းလဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ ဂျူးဘုရားကျောင်း အပြင်မှာ ရှိတဲ့ David ကြယ် ၁၁ ပွင့်မှာ ကျောက်တုံး ၁၁ တုံး တင်ပေးခဲ့ပါတယ်။ ဒါဟာ ဂျုးရှေးရိုးရာ အယူအဆအရ သေဆုံးသူတွေအတွက် အမှတ်တရ ပြုလုပ်တာ ဖြစ်ပါတယ်။

အခုလို သမ္မတ Trump ရဲ့ လာရောက်မှုဟာ မသင့်လျှော်ဘူးလို့ ယူဆသူတွေက ဂျူးဘုရားကျောင်းနားကို ချီတက်လာကြပြီး လူအုပ်ကြီးက ဆန္ဒပြခဲ့ ကြတာပါ။ သမ္မတ Trump ဟာ ဘုရားကျောင်းကနေ ဆေးရုံကို သွားရောက်ခဲ့ပြီး အဲဒီဆေးရုံမှာတော့ သေနတ်ပစ်ခတ်မှု ဖြစ်ပွါးချိန်က ဒဏ်ရာရခဲ့ရဲ့ ရဲတွေ ရှိပါတယ်။

သမ္မတ Trump ကတော့ သူအခုလို သွားရောက်တာဟာ သေဆုံးဒဏ်ရာရသူတွေကို လေးစားမှု ပြတာသာ ဖြစ်ကြောင်း Fox သတင်းဌာနကို ပြောပါတယ်။ ဒဏ်ရာရနေတဲ့ အရာရှိတွေနဲ့ ဆေးရုံတက်နေတဲ့ တခြားလူတွေကိုသူသွားကြည့်တာ ဖြစ်ကြောင်းနဲ့ တချို့ဟာ ဒဏ်ရာ အကြီးအကျယ် ရထားတယ်လို့လည်း ပြောပါတယ်။

လူ ၁၁ ဦး အသတ်ခံခဲ့ရတဲ့ Pittsburgh ဂျူးဘုရားကျောင်းကို Trump သွားရောက်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG