သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွဲချက်တွေမှာအပြစ်မရှိဟု Trump ထွက်ဆို


ဖလော်ရီဒါပြည်နယ်၊မိုင်ယာမီကဖယ်ဒရယ်တရားရုံးမှာ သမ္မတဟောင်း Donald Trump လာရောက်ထွက်ဆိုတဲ့ ခဲပုံကြမ်း၊ ဂျွန် ၁၃၊ ၂၀၂၃
ဖလော်ရီဒါပြည်နယ်၊မိုင်ယာမီကဖယ်ဒရယ်တရားရုံးမှာ သမ္မတဟောင်း Donald Trump လာရောက်ထွက်ဆိုတဲ့ ခဲပုံကြမ်း၊ ဂျွန် ၁၃၊ ၂၀၂၃
ထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွေကို နိုင်ငံတော်မှတ်တမ်းရုံးကိုမလွှဲပဲ ထိမ်းသိမ်းထားတာနဲ့ပတ်သက်လို့ စွဲချက်တွေမှာ သူအပြစ်မရှိဘူးလို့ သမ္မတဟောင်း Donald Trump က တရားရုံးမှာ လာရောက် ထွက်ဆိုပါတယ်။ သမ္မတတာဝန်ကုန်ဆုံးပြီးတဲ့နောက် လျှို့ဝှက်မှတ်တမ်းတွေကို မလွှဲပြောင်းတာ၊ မှန်မှန်ကန်ကန်မထိမ်းသိမ်းတာတွေနဲ့ဆက်စပ်ပြီး သမ္မတ Trump ကို စွဲချက် ၃၇ ခုနဲ့ ဂျူရီအဖွဲ့က စွဲဆို ထားတဲ့အပေါ် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမှာရှိတဲ့ ဖယ်ဒရယ်တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့တာပါ။

သမ္မတဟောင်း Trump တရားရုံးကို လာရောက်ဖို့အတွက် တရားရုံးအနီးတဝိုက် လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားသလို သူ့ကိုထောက်ခံသူ ရာဂဏန်းလည်း တရားရုံးအပြင်မှာ စုဝေးခဲ့ကြပါတယ်။ တရားရုံးကို လာရောက်ထွက်ဆိုမယ့်နေ့မှာ သူ့ကိုထောက်ခံသူတွေ စုဝေးကြဖို့ Donald Trump က လှုံဆော်ပြောခဲ့တာမို့၊ လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေဖြစ်လာမလား စိုးရိမ်မှုတွေရှိခဲ့ပါတယ်။

မိုင်ယာမီက ထောက်ခံသူတွေနဲ့ သမ္မတဟောင်း Trump တွေ့ဆုံ
please wait

No media source currently available

0:00 0:00:59 0:00

ဒါပေမယ့် အင်္ဂါနေ့ တရားရုံးကြားနာမှုကတော့ ချောချောမွေ့ ေမွ့ပြီးဆုံးခဲ့ပါတယ်။ သူ့အပေါ် စွဲချက် ၃၇ ခုလုံးမှာ အပြစ်မရှိဘူးလို့ ဖယ်ဒရယ်တရားသူကြီး Jonathan Goodman ရှေ့မှောက် သမၼ တဟောင်း Trump က ထွက်ဆိုခဲ့ပါတယ်။ စာမျက်နှာ ၄၉ မျက်နှာပါဝင်တဲ့ စွဲချက်ထဲမှာတော့ သမၼတ Trump က ၂၀၂၁ ဇန်နဝါရီ အိမ်ဖြူတော်က ထွက်ခွာသွားတဲ့နောက် ထိပ်တန်းလျှို့ဝှက်မှတ်တမ်းပေါင်း ရာဂဏန်းကို Mar-a-Lago သူ့ စံအိမ်ကို ယူဆောင်သွားတယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီ မှတ်တမ်းတွေထဲမှာ အမေရိကန်ရဲ့ နူကလီယားအစီအစဉ်တွေ၊ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အားနည်းချက်ကို ဆန်းစစ်ထားတာတွေ ပါဝင်တယ်လို့ စွဲချက်စာမှာဖော်ပြပါတယ်။ ဒါတွေဟာ အမေရိကန်ပြည်ထောင်စုလုံခြုံရေးကိုပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာတော့ New Jersey မှာရှိတဲ့ သူပိုင်ဂေါက်ကလပ်မှာ သူ့ထောက်ခံသူတချို့ကို သမၼ တဟောင်း Trump မိန့်ခွန်းပြောဖို့ရှိတယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG