သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ထရမ့် တရားရင်ဆိုင်မယ့် မိုင်ယာမီမှာ လုံခြုံရေးတိုးမြှင့်


အိုင်အိုဝါပြည်နယ် Des Moines မြို့က သမ္မတမဲဆွယ်စည်းရုံးရေးလုပ်အားပေးများကို သွားရောက်လည်ပတ်နေတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၃)
အိုင်အိုဝါပြည်နယ် Des Moines မြို့က သမ္မတမဲဆွယ်စည်းရုံးရေးလုပ်အားပေးများကို သွားရောက်လည်ပတ်နေတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၃)

အမေရိကန်သမ္မတဟောင်း Donald Trump ဟာ ၂၀၂၁ ခုနှစ် သမ္မတတာဝန် ပြီးဆုံးပြီးနောက်ပိုင်း အမျိုးသားလုံခြုံရေး လျှို့ဝှက် မှတ်တမ်းတွေကို နိုင်ငံတော်မော်ကွန်းတိုက်ကို ပြန်အပ်ဖို့ ပျက်ကွက်ခဲ့တဲ့အပြင် ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်သင့်တာတွေ မဆောင်ရွက်ခဲ့ဘူး ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖလော်ရီဒါပြည်နယ် တရားရုံးမှာ ဒီကနေ့ အင်္ဂါနေ့ လာရောက် တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မိုင်ယာမီမြို့လယ်က ဖက်ဒရယ်တရားရုံးမှာ ဒီကနေ့ Trump ကိုယ်တိုင် လာရောက်ဖို့ တရားရုံးက ဆင့်ခေါ် ထားတာကြောင့် သူ ရောက်လာတဲ့အချိန် သူ့ကို ထောက်ခံသူတွေနဲ့ ကန့်ကွက် ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်တာမျိုးတွေ မကြုံရအာင် တရားရုံးနေရာတဝိုက် လုံခြုံရေး အထူး ကြပ်မတ်ထားတဲ့ အကြောင်း မိုင်ယာမီ ရဲဌာန အကြီးအကဲ Manuel Morales (မန်ဝယ်လ် မော်ရဲလ်လစ်စ်) ပြောပါတယ်။

“၅,၀၀၀ ကနေ ၅၀,၀၀၀ ကြားလောက်အထိ လူအုပ်ကို ထိန်းချုပ်နိုင်မယ့် လုံလောက်တဲ့ လုံခြုံရေး အစီအမံတွေ ပြင်ဆင်ထားပါတယ်။ ပြဿနာ တစုံတရာ ဖြစ်မလာဖို့ မျှော်လင့်ပါတယ်။” လို့ မိုင်ယာမီ ရဲဌာန အကြီးအကဲ Manuel Morales က ပြောသွားတာပါ။ နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ မပေါက်ကြားအောင် ကာကွယ်ရမယ့် ဥပဒေကို ချိုးဖောက်ပြီး လျှို့ဝှက် မှတ်တမ်းတွေကို တမင် ပြန်မအပ်မှုနဲ့ အမှုပေါင်း ၃၁ မှု အပါအဝင် ရာဇဝတ်ပြစ်မှု ၃၇ မှုနဲ့ မိုင်ယာမီမြို့က တရားရုံးမှာ ဖက်ဒရယ် ဂရမ်း ဂျူရီ အဖွဲ့က Trump ကို စွဲချက်တင်ပြီး ၅ ရက်အကြာမှာ Trump ကိုယ်တိုင် လာရောက်ဖို့ တရားရုံးက ဆင့်ခေါ်ထားတာပါ။
သမ္မတဟောင်း Trump ဟာ ခုလို ဖက်ဒရယ် ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်ပါတယ်။ ၂ လအတွင်း ဒုတိယအကြိမ် ခုလို စွဲချက်တင် ခံရတာလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ လုပ်နေတဲ့ သမ္မတဟောင်း Trump ကတော့ သူ့အနေနဲ့ အမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ပြီး နိုင်ငံရေးအရ သူ့ကို ပစ်မှတ်ထားနေတာလို့ တုံ့ပြန်ထားသလို၊ ရွေးကောက်ပွဲကနေ နုတ်ထွက်မှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG