သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကောလဟာလသတင်း Obama အစိုးရဖြန့်ကြောင်း Putin စွပ်စွဲ


လက်ရှိ အမေရိကန်အစိုးရဟာ သမ္မတသစ်ဖြစ်လာမယ့် Donald Trump နစ်နာအောင် သတင်းမှားတွေ ဖြန့်နေတယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။

Donald Trump သိက္ခာကျစေတဲ့ စွပ်စွဲချက်တွေ ပါဝင်တဲ့ အတည်မပြုနိုင်တဲ့ အစီရင်ခံစာ ပြီးခဲ့တဲ့တပတ်ထဲ ထွက်ပေါ်လာတာဟာ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့အနိုင်ရခဲ့တဲ့ Trump ကို သမ္မတ Barack Obama အစိုးရက ထိခိုက်အောင်လုပ်ဖို့ ကြိုးစားမှုတခုဖြစ်တယ်လို့ အင်္ဂါနေ့က မော်စကိုမြို့တော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတပူတင်က ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက မော်စကိုမြို့ကဟိုတယ်တခုမှာ ပြည့်တန်ဆာတွေနဲ့ Trump ပျော်ပါးခဲ့တယ်လို့ အဲဒီအစီရင်ခံစာထဲမှာရေးသားထားတာဟာ လုပ်ကြံထားတာဖြစ်တယ်လို့ ပူတင်က ဖော်ပြပြောဆိုပါတယ်။ အဲဒီစွပ်စွပ်ချက်တွေလုပ်သူတွေဟာ ပြည့်တန်ဆာတွေထက်အောင် နိမ့်ကျသူတွေဖြစ်တယ်လို့ဆိုပြီး ကမ္ဘာပေါ်မှာ အချောလှဆုံး အမျိုးသမီးတွေနဲ့ တွဲခဲ့တဲ့ Trump အနေနဲ့ ဘာကြောင့် ပြည့်တန်ဆာတွေ လိုမှာလဲလို့လည်း ရုရှားသမ္မတက မေးခွန်းထုတ်ခဲ့ပါတယ်။

Trump နဲ့ ရုရှားအစိုးရကြားမှာ ဆက်နွယ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေပါတဲ့ အစီရင်ခံ ပေါ်ထွက်လာပြီးတဲ့နောက် ခုလို အတည်မပြုနိုင်တဲ့ အချက်တွေကို ပေါက်ကြားအောင်လုပ်တယ်ဆိုပြီး Trump က ထောက်လှမ်းရေးအသိုင်းအဝိုင်းကို အပြစ်တင်ခဲ့ပါတယ်။

ဒီလိုပေါက်ကြားမှုဟာ CIA ညွန်ကြားရေးမှူး John Brennan မှာ တာဝန်ရှိသလားလို့လည်း Donald Trump ကမေးခွန်းထုတ်ခဲ့ပါတယ်။ အမေရိကန်မှာ Trump သမ္မတဖြစ်လာပြီးရင် Russia နဲ့ဆက်ဆံရေး တိုးတက်လာနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကလည်း အင်္ဂါနေ့ကလုပ်တဲ့ သီးခြားသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Trump ကောလဟာလသတင်း Obama အစိုးရဖြန့်ကြောင်း Putin စွပ်စွဲ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG