သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားဖို့ Trump အခက်ကြုံ


နောက်တပတ်မှာ ပြောကြားဖို့ ရှိတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို မပြောဖို့ အတွက် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီက ဟန့်တားခဲ့ပြီးတဲ့နောက်မှာ သမ္မတ Donald Trump က နောက်ပုံစံ တမျိုးနဲ့ မိန့်ခွန်း ပြောကြားမယ်လို့ ပြောကြားလိုက်ပါတယ်။

နန်စီပလိုစီဟာ အမှန်တရားကို မကြားလိုပါဘူး။ အမေရိကန် ပြည်သူတွေကိုလည်း အမှန်တရားကို မကြားစေချင်ပါဘူး။ ဒါကြောင့် ကျနော် နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဖို့ အတွက် သူ ကန့်ကွက်ခဲ့တာပါလို့ သမ္မတ Donald Trump က ပြောသွားတာပါ။

အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု မပြီးမချင်း ကွန်ဂရက်မှာ မိန့်ခွန်း ပြောခွင့် မပေးဖို့ အောက်လွှတ်တော် ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံအတွက် အက ျည်းတန်စေတဲ့ ကိစ္စတရပ် ဖြစ်ပြီး သူမရဲ့ လုပ်ရပ်ဟာ အင်မတန့် အင်မတန် ကြီးမားတဲ့ အနုတ် လက္ခဏာ တရပ် အဖြစ် သမိုင်းတွင် ကျန်ရစ်မယ်လို့လည်း ပြောပါတယ်။

နောက်ပုံစံ တမျိုးနဲ့ ပြောမယ်ဆိုတဲ့ မိန့်ခွန်းကိုတော့ ဘယ်နေရာမှာ ဘယ်အချိန်မှာ ပြောမယ်ဆိုတာကိုတော့ သမ္မတ Donald Trump က မပြောပါဘူး။ သမ္မတ Trump ရဲ့ ပထမ အကြိမ် နိုင်ငံတော် အခြေပြ မိန့်ခွန်းကို လွန်ခဲ့တဲ့ တနှစ်ကျော်က ပြောကြားခဲ့တာ ဖြစ်ပြီး မိနစ် ၈၀ ကြာမြင့်ပါတယ်။ အမေရိကန် သမိုင်းမှာ အရှည်လျားဆုံး မိန့်ခွန်း တခုလည်း ဖြစ်ပါတယ်။

သမ္မတ Trump က လာမယ့် အင်္ဂါနေ့ညနေမှာ လွှတ်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြးမှာ ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ Pelosi ဆီကို စာရေးသားပေးပို့ခဲ့ပေမယ့် လွှတ်တော်ဥက္ကဌက အစိုးရယန္တရားတခုလုံး ပြန်မဖွင့်နိုင်သေးသမျှ ဒီမိုကရက်တွေ ထိန်းချုပ်တဲ့ အောက်လွှတ်တော်ခန်းမထဲမှာ မိန့်ခွန်းပြောခွင့်မပေးနိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတထံ စာပြန်ရေးပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG