သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုအပ်ရင် Trump ဆီးရီးယားကို ထပ်တိုက်နိုင်


သမ္မတ Donald Trump
သမ္မတ Donald Trump

ဆီးရီးယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့လိုအပ်မယ်ဆိုရင် သမ္မတ Donald Trump အနေနဲ့ လုပ်ဆောင်လိမ့်မယ်ဆိုတဲ့ သဘောမျိုး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

သမ္မတအနေနဲ့ ဒီလောက်နဲ့တင် ရပ်နေမှာ မဟုတ်ကြောင်း၊ တကယ်လို့ တိုက်ခိုက်ဖို့ လိုအပ်ရင် သူ့အနေနဲ့ ထပ်မံ တိုက်ခိုက်မှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က CNN ရုပ်သံဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း သံအမတ်ကြီး Nikki Haley က ပြောကြားပါတယ်။

ဒါပေမယ့် ဆီးရီးယားသမ္မတ Bashar al-Assad ကို ရာထူးကနေ ဖယ်ရှားရေးအတွက် ဦးစားပေး လုပ်ဆောင်မယ့်ကိစ္စမယ့်ကိစ္စနဲ့ ပတ်သက်လို့ သံအမတ်ကြီး Haley ရော၊ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ မတူညီတဲ့ တုံ့ပြန်မှုတွေကို ပေးခဲ့ကြပါတယ်။

သမ္မတ Assad အနေနဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမလားဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ အဖြေပေးနိုင်မယ့် နည်းလမ်း တစုံတရာ မရှိကြောင်း၊ သူ့ရဲ့ လုပ်ဆောင်ချက်၊ တိုင်းပြည်အတွင်းက အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် သမ္မတ Assad ဆက်ရှိနေတဲ့ အတွက် ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အစိုးရတစ်ဖြစ်မယ်ဆိုတာ တွေးကြည့်လို့ မရနိုင်ကြောင်း သံအမတ်ကြီး Haley က ပြောပါတယ်။

အစိုးရအပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက ယူဆထားကြောင်းလည်း သံအမတ်ကြီး Haley က CNN ရုပ်သံဌာနကို ပြောပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးအတွက် သမ္မတ Assad အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးဖို့ အီရတ်နိုင်ငံက အထင်ကရ ရှီယိုက် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် Muqtada al-Sadr က တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG