သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ Kim Jong-Un မေလမှာ တွေ့မည်


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

မြောက်ကိုရီးယားခေါင်းဆောင်က ထိပ်သီးအစည်းအဝေးလုပ်ဖို့ ကမ်းလှမ်းတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လက်ခံလိုက်ပြီး Kim Jung-Un နဲ့ မေလအတွင်း တွေ့ဆုံမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတဦးက မတ်လ ၈ ရက်၊ ကြာသပတေးနေ့မှာ ပြောပါတယ်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှူး Chung Eui-yong ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က Kim Jung-Un နဲ့ ပြုံယမ်း မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ်နဲ့ တခြား အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေကို ပြောဆိုပြီးတဲ့နောက် Kim Jung-Un နဲ့တွေ့ဖို့ သမ္မတထရမ့်ပ်က သဘောတူတယ်ဆိုတာကို သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောသွားတာပါ။

“သမ္မတထရမ့်ပ်နဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး တွေ့ဆုံဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို သူက ပြောပါတယ်။ အခု တင်ပြတာကို သမ္မတထရမ့်ပ်က ကျေးဇူးတင်ပြီး နျူကလီးယားလက်နက် ထာဝရကင်းမဲ့ရေး ဖြစ်လာစေဖို့ Kim Jong-Un နဲ့ မေလမှာ တွေ့ဆုံ မယ်လို့ ပြောပါတယ်” ဆိုပြီး မစ္စတာ Chung ကပြောပါတယ်။

နျူကလီးယားကင်းမဲ့ရေးနဲ့ ပုံမှန်ဆက်ဆံရေး ပြန်တည်ဆောက်ဖို့အတွက် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြောက်ကိုရီးယားက ကမ်းလှမ်းထားတယ်ဆိုတာ တောင်ကိုရီးယား ဘက်က ထုတ်ပြောထားပြီးသားပါ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် တနှစ်ကြာ ဆက်ဆံရေး တင်းမာနေပြီးတဲ့နောက် ဒါဟာဖြင့် သံတမန်ရေး လမ်းပွင့်သွားတဲ့ အလားအလာပါပဲ။

ကိုရီးယားနှစ်နိုင်ငံအကြား ဧပြီလနှောင်းပိုင်းမှာ ထိပ်သီး အစည်းအဝေးတခုလုပ်ဖို့ကိုလည်း သဘောတူထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG