သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ ကန်သမ္မတ ကိုရီးယားအရေး ဖုန်းဆက်ဆွေးနွေး


တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Donald Trump
တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Donald Trump

တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ စနေနေ့က တယ်လီဖုန်းဆက်သွယ်ပြီး နှစ်နိုင်ငံဆက်ဆံ ရေးကိစ္စရပ်တွေနဲ့ ကိုရီးကျွန်းဆွယ်အခြေအနေကို ဆွေးနွေးကြပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတိုးလာစေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ရှောင်ကျဉ်ပြီး ထိန်းသိမ်းလုပ်ဆောင်မယ်လို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်တဲ့အကြောင်း သမ္မတရှီကပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်နဲ့ အမေရိကန်တို့ကြား တူညီတဲ့စိတ်ဝင်စားမှု ရှိတယ်ဆိုတာကို သမ္မတရှီက အလေးထားပြောခဲ့ပါတယ်။

သမ္မတထရမ့်ပ်နဲ့ မြောက်ကိုရီးယားနိုင်ငံအကြား စစ်သံပါတဲ့စကားတွေ အပြန်အလှန် အပြင်းအထန် ပြောဆိုခဲ့ကြပြီးတဲ့နောက် တရုတ်နဲ့အမေရိကန် သမ္မတနှစ်ဦး တယ်လီဖုန်းဆက်သွယ် ပြောဆိုတာပါ။ ဒီ တယ်လီဖုန်းအဆက်အသွယ် ပြီးတဲ့နောက်ပိုင်းမှာ တော့ သမ္မတထရမ့်ပ်ဘက်ကရော၊ မြောက်ကိုရီးယားဘက်ကပါ တိုက်ခိုက်မယ့်အသံပါတဲ့ အပြင်းအထန်စကားတွေ ခုချိန်ထိ တော့ ထပ်မကြားရသေးပါဘူး။

သမ္မတနှစ်ဦးပြောကြတဲ့ထဲမှာ နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေလဲ ပါဝင်ပြီး နှစ်ဘက်စိတ်ဝင်စားတဲ့ အဓိကကိစ္စရပ်ကြီးတွေမှာ ချက်ခြင်း အပြန်အလှန်အမြင်ဖလှယ်နိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ အနီးကပ်ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဖို့လဲ သဘောတူ ခဲ့ကြပါတယ်။ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဓိကကိစ္စရပ်တွေမှာ တရုတ်နိုင်ငံနဲ့ ဆက်သွယ်ဖို့နဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ အမေရိကန်က ဆန္ဒရှိတယ်လို့ သမ္မတထရမ့်ပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG