သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးတေးသံ ၂၀၁၇ မှာ လွင့်ပျံနိုင်မလား ...


ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်း

၂၀၁၇ နှစ်သစ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေး စကားဝိုင်း ­- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း” တခုနဲ့ ဖွင့်လိုက်ပါတယ်။

ဒီအချက်က လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိစ္စကို ၂၀၁၇ ခုနှစ်ထဲမှာလည်း အဓိကအထားဆုံး ဦးစားပေးကိစ္စတခုအနေနဲ့ ဆက်လုပ်သွားမယ့် အရိပ်လက္ခဏာ ဆိုတာ ပြနေပါတယ်။

ဒီတော့ကာ မြန်မာနိုင်ငံမှာ သေနတ်သံတွေတိတ်ပြီး ငြိမ်းချမ်းမယ့်အခြေအနေ ၂၀၁၇ ခုနှစ်ထဲမှာ ဘယ်လောက်ထိ ဖြစ်လာနိုင်ပါသလဲ ဆိုတာ ဆွေးနွေးထားပါတယ်။

ပင်တိုင်ဆွေးနွေးသူတွေအဖြစ် ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဦးခွန်ဥက္ကာ၊ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်း တို့နဲ့အတူ သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG