သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီလေတပ် လေယာဉ်မှူး ၇၃ ဦးကို အာဏာပိုင်တို့ ဖမ်းဆီး


မအောင်မြင်ခဲ့တဲ့ ဇူလိုင်လအတွင်းက တူရကီစစ်တပ်အာဏာသိမ်းမှုမှာပါဝင်တယ်လို့ စွပ်စွဲထားတဲ့ လေတပ် လေယာဉ်မှူး ၇၃ ဦးကို ဖမ်းဆီးဖို့ တူရကီအာဏာပိုင်တွေက ဒီကနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတဝှမ်း လုံခြုံရေးရဲတွေက လိုက်လံဖမ်းဆီးရာမှာ လေယာဉ်မှူး ၄၅ ဦးကို ဖမ်းဆီးမိထားပြီးဖြစ်တယ်လို့ တူရကီနိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။ အဲဒီထဲကတချို့ကတော့ အရင်ကတည်းက ဖမ်းဆီးထားတာပါ။ အခုချိန်ထိ ဖမ်းဆီးထားတဲ့ထဲမှာ တူရကီလေတပ်က ဒုဗိုလ် ၇၁ ဦးနဲ့ ဗိုလ်မှူးကြီး ၂ ဦးပါဝင်တယ်လို့ လိုက်လံဖမ်းဆီးဖို့ ဝရမ်းထုတ်ပေးတဲ့ Konya မြို့ အစိုးရရှေ့နေရုံးက ပြောပါတယ်။

အမေရိကန်အခြေစိုက် မူဆလင်တရားဟောဆရာ Fetullah Gulen အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဒီအရာရှိတွေကို စွပ်ဆွဲထားတာပါ။ အာဏာသိမ်းမှုကို နောက်ကွယ်က စီစဉ်သူအဖြစ် အာဏာပိုင်တွေက Gulen ကို စွပ်ဆွဲထားပေမယ့် သူကတော့ ငြင်းဆိုထားပါတယ်။

အာဏာသိမ်းမှုပြီးကတည်းက စစ်ဖက်၊ ရဲ၊ တရားရေးဌာနနဲ့ ပညာရေးဌာနဆိုင်ရာ ဝန်ထမ်း ၁ သိန်းလောက်ကို အလုပ်က ထုတ်ပယ်ခဲ့ပြီး ၃ သောင်းလောက်ကို ဖမ်းဆီးထားတာပါ။

အနောက်နိုင်ငံတွေကတော့ အခုလို ဖမ်းဆီးထိန်းသိမ်းမှုတွေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောကြားပေမယ့် အလွန်အန္တရာယ်ရှိတဲ့အခြေအနေတခုကို ထိန်းသိမ်းကိုင်တွယ်နေတဲ့ တချိန်တည်းမှာ ဖမ်းဆီးထိန်းသိမ်းမှုတွေကို တရားဥပဒေဘောင်အတွင်းက ဆောင်ရွက်တာဖြစ်တယ်လို့ တူရကီက တုန့်ပြန်ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG