သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအာဏာသိမ်းမှု ပါဝင်သူတွေ အရေးယူနိုင်ရေး ကန် ကူညီမည်


တူရကီသမ္မတ Recep Tayyip Erdogan နဲ့ သမ္မတ Barack Obama တွေ့ဆုံစဉ်
တူရကီသမ္မတ Recep Tayyip Erdogan နဲ့ သမ္မတ Barack Obama တွေ့ဆုံစဉ်

တူရကီနိုင်ငံမှာ ဇူလိုင်လတုန်းက ဖြစ်ပွါးခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ ပါဝင်လုပ်ဆောင်နေသူတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် အမေရိကန်ဘက်က အကူညီပေးမှာ ဖြစ်ကြောင်း သမ္မတ Barack Obama က တူရကီသမ္မတ Recep Tayyip Erdogan ကို တနင်္ဂနွေနေ့မှာ ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအာဏာသိမ်းမှု အတွက် တူရကီအစိုးရက အပစ်တင်နေတဲ့အမေရိကန်နိုင်ငံမှာ နေထိုင်နေသူ မူစလင် တရားဟော ဆရာကို ပြန်ပို့ပေးဖို့ တောင်းဆိုမှုတွေကိုတော့ ရပ်ဆိုင်းဖို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ Hangzhou မှာ ကျင်းပတဲ့ G – 20 ထိပ်သီးအစည်းဝေး တက်ရောက်ဖို့ ရောက်နေတဲ့ တူရကီ သမ္မတကို အမေရိကန် သမ္မတက ဘေးပန်းအစည်းဝေးမှာ ခုလို ပြောကြားခဲ့တာပါ။

အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ မူစလင် တရားဟောဆရာ Fethullah Gulen ဟာ ၁၉၉၉ ခုနှစ်ကတည်းက တူရကီကနေ ထွက်ပြေးလာပြီး အမေရိကန် အရှေ့ပိုင်း Pennsylvania မှာ နေထိုင်နေတာဖြစ်ပြီး သူဟာ ဒီအာဏာသိမ်းမှုကို ကြိုးကိုင်သူအဖြစ် တူရကီအစိုးရက ပြောကြားနေပေမယ့် သူကတော့ ဘာမှ ပါဝင် ပါတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

Gulen ကို တူရကီကို ပြန်ပို့ဖို့ တူရကီအစိုးရက ပန်ကြားခဲ့ပေမယ့် သူဟာ Erdogan အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ ဆက်နွယ်နေတဲ့ သက်သေ အထောက်အထား တစုံတရာ ကို တူရကီအစိုးရက မပြသေးပဲ အရင်တုန်းက သူလုပ်ဆောင်ခဲ့တဲ့ အချက်လက်တွေကိုပဲ တူရကီအစိုးရက ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန် တရားရေး စနစ်အရ နေရပ်ရင်း ပြန်ပို့နိုင်ဖို့ သက်သေ အထောက်အထား လိုအပ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG