သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃ လကြာ အရေးပေါ်အမိန့် တူရကီလွှတ်တော် အတည်ပြုမည်


တူရကီနိုင်ငံမှာ သုံးလကြာ အရေးပေါ် အခြေအနေ ကြေညာတဲ့ တူရကီသမ္မတ Tayyip Erdogan။ (ဇူလိုင် ၂၁၊ ၂၀၁၆)
တူရကီနိုင်ငံမှာ သုံးလကြာ အရေးပေါ် အခြေအနေ ကြေညာတဲ့ တူရကီသမ္မတ Tayyip Erdogan။ (ဇူလိုင် ၂၁၊ ၂၀၁၆)

တူရကီနိုင်ငံမှာ သုံးလကြာ အရေးပေါ်အခြေအနေ ကြေညာတဲ့ သမ္မတ Recep Tayyip Erdogan ရဲ့ ဗုဒ္ဓဟူးနေ့ကအမိန့်ကို ဒီကနေ့မှာ လွှတ်တော်အမတ်တွေက အတည်ပြုပေးမယ်လို့ ခန့်မှန်းထားပါတယ်။

အစ္စတန်ဘူလ်မြို့ခံတချို့ကတော့ ဒီအရေးပေါ်အခြေအနေကြောင့် သူတို့ရဲ့နေ့စဉ် ဘဝကို သိပ်ကြီးထိခိုက်မယ်လို့ မထင်တဲ့ အကြောင်း ပြောကြပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က မအောင်မမြင်ဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ကြိုးစားမှုဖြစ် ခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူး နေ့မှာ သမ္မတ Erdogan က အရေးပေါ်အစည်းအဝေးတွေ ဆက်တိုက်လိုလုပ်ပြီး ဗုဒ္ဓဟူးနေ့ညပိုင်းမှာတော့ အရေးပေါ်အခြေအနေ ထုတ်ပြန်တဲ့အကြောင်း ရုပ်မြင်သံကြားကနေ ကြေညာတာပါ။ ဒီလိုကြေညာ လိုက်တဲ့အတွက် သူ့ကိုဆန့်ကျင်သူတွေကို နောက်ထပ် အရေးယူ နှိမ်နင်းဖို့ လမ်းပွင့်သွားစေပါတယ်။

အရေးပေါ်အခြေအနေ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်တည်ဆောက်နိုင်ရေး အထိ ရောက်ဆုံး နည်းလမ်းတွေကို လုပ်နိုင်ဖို့ဖြစ်တယ်လို့ သမ္မတ Erdogan ကဆိုပါတယ်။ ဒီကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့က နိုင်ငံ ကို ထိန်းချုပ်ထားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

အသေးစိတ်တွေကို သမ္မတက ကြေညာမသွားပေမဲ့လည်း လုံခြုံရေး ဆိုင်ရာ အရေးယူလုပ်ဆောင်ချက်တွေကြောင့် လက်ရှိဖမ်းထားတဲ့ လူပေါင်း ၁ သောင်းလောက်ထဲက အများအပြားကို ဆက်ပြီး ထိန်းသိမ်းထားနိုင်မှာပါ။

ပညာရှင်တွေကို ပြည်ပခရီးသွားခွင့် ပိတ်ပင်တားမြစ်တဲ့အကြောင်းလည်း ဗုဒ္ဓဟူးနေ့မှာပဲ နိုင်ငံပိုင် သတင်းဌာနကနေ ကြေညာသွားပါတယ်။ တက္ကသိုလ်တွေက မဟာဌာနကြီးမှူး ၁၅၀၀ ကျော်အပါအဝင် ပညာရေးဌာနက ဝန်ထမ်း ၂၁၀၀၀ ကျော်ကို အင်္ဂါနေ့မှာ ရာထူးကနေ ထုတ်ပစ်ပြီးတဲ့နောက် အဲဒီပိတ်ပင်ချက်ထွက်လာတာပါ။

၃ လကြာ အရေးပေါ်အမိန့် တူရကီလွှတ်တော် အတည်ပြုမည်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG