သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရး ေၾကာ္ျငာေတြ Twitter ပိတ္ပင္မည္


ႏိုင္ငံေရး ေၾကာ္ျငာသူေတြက လူမႈမီဒီယာေတြကို သုံးၿပီး မွားယြင္းတဲ့ သတင္းေတြကို ေသေသခ်ာခ်ာ ပစ္မွတ္ထားၿပီး ျပန႔္ပြါးေအာင္ လုပ္ခြင့္ရေနတာဟာ တရားမွ်တမႈ မရွိတဲ့အတြက္ ဒီလိုႏိုင္ငံေရးေၾကာ္ျငာ္ မွန္သမွ်ကို တင္ခြင့္ျပဳေတာ့မွာ မဟုတ္ဖူးလို႔ တြစ္တာက ေျပာပါတယ္။ Twitter လူမႈမီဒီယာ ဆိုဒ္မွာ ႏိုင္ငံေရးေၾကာ္ျငာ မွန္သမွ်ကို ဒီလကုန္ေလာက္ကစၿပီး ထည့္ခြင့္မျပဳေတာ့ဘူးလို႔ တြစ္တာ CEO ျဖစ္တဲ့ Jack Dorsey က သူ႔တြစ္တာမွာ ေရးပါတယ္။

Facebook ကေတာ့ ႏိုင္ငံေရးသမားေတြ ဒါမွမဟုတ္ သူတို႔ရဲ႕ မဲဆြယ္အဖြဲ႕ေတြရဲ႕ ေရးသားတင္ျပခ်က္ေတြကို မွန္မမွန္ လိုက္ၿပီး စစ္ေဆးမေနႏိုင္တဲ့ အတြက္ သူတို႔ကို လြတ္လပ္စြာ လိမ္လည္ခြင့္ ေပးထားသလို ျဖစ္ေနတာေၾကာင့္ ေဖ့စ္ဘုတ္မွာ ေဖၚျပခြင့္ကို ေအာက္တိုဘာလ အေစာပိုင္းကတည္းက ပိတ္ပင္ခဲ့တာပါ။ ဒီႏိုင္ငံေရးသမားေတြဟာ ေဖ့စ္ဘုတ္မွာ လြတ္လပ္စြာ ေျပာဆိုခြင့္ေတြ ရေနတယ္လို႔ ေဖ့စ္ဘုတ္ CEO Mark Zuckerberg က ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။

ဒီမိုကရက္တစ္ ပါတီကေန သမၼတေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ရာမွာ ထိပ္ကေျပးေနတဲ့ ဒုသမၼတေဟာင္း Joe Biden ကို ပစ္မွတ္ထားၿပီး သမၼတ Donald Trump ရဲ႕ မဲဆြယ္အဖြဲ႕က အထင္မွားေအာင္ ထည့္သြင္းခဲ့တဲ့ ဗီဒီယို ေၾကာ္ျငာကို ဖယ္ရွားေပးဖို႔ ျငင္းဆန္ခဲ့တဲ့ တြစ္တာဟာ Facebook နဲ႔ Google တို႔နဲ႔ အတူ စက္တင္ဘလထဲမွာပဲ ဒီျပႆနာမ်ိဳး ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။ ဒါကိုတုန႔္ျပန္တဲ့အေနနဲ႔ ေနာက္ သမၼေလာင္း အျဖစ္ အလားလာ ရွိသူ ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren က Facebook မွာပဲ Mark Zuckerberg ဟာ သမၼတ Donald Trump ျပန္အေ႐ြးခံရေအာင္ လုပ္ေပးေနတယ္လို႔ စြပ္စြဲထားတဲ့ ေၾကာ္ျငာတင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ CNN အႀကီးအကဲ Jeff Zucker အပါအဝင္ ႏိုင္ငံေရးသုံးသပ္သူေတြက Facebook ကို ႏိုင္ငံေရး ေၾကာ္ျငာအားလုံး ထည့္မေပးဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။ တြစ္တာ CEO Jack Dorsey ကလည္း ဗုဒၶဟူးေန႔မွာပဲ ဒီလို ေၾကာ္ျငာေတြကို ပိတ္ပင္မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။ တြစ္တာရဲ႕ဒီလို ပိတ္ပင္မႈဟာ ႏိုဝင္ဘာလ ၂၂ ရက္ေန႔မွာ စတင္မွာ ျဖစ္ပါတယ္။

(Unicode)

နိုင်ငံရေး ကြော်ငြာတွေ Twitter ပိတ်ပင်မည်

နိုင်ငံရေး ကြော်ငြာသူတွေက လူမှုမီဒီယာတွေကို သုံးပြီး မှားယွင်းတဲ့ သတင်းတွေကို သေသေချာချာ ပစ်မှတ်ထားပြီး ပြန့်ပွါးအောင် လုပ်ခွင့်ရနေတာဟာ တရားမျှတမှု မရှိတဲ့အတွက် ဒီလိုနိုင်ငံရေးကြော်ငြာ် မှန်သမျှကို တင်ခွင့်ပြုတော့မှာ မဟုတ်ဖူးလို့ တွစ်တာက ပြောပါတယ်။ Twitter လူမှုမီဒီယာ ဆိုဒ်မှာ နိုင်ငံရေးကြော်ငြာ မှန်သမျှကို ဒီလကုန်လောက်ကစပြီး ထည့်ခွင့်မပြုတော့ဘူးလို့ တွစ်တာ CEO ဖြစ်တဲ့ Jack Dorsey က သူ့တွစ်တာမှာ ရေးပါတယ်။

Facebook ကတော့ နိုင်ငံရေးသမားတွေ ဒါမှမဟုတ် သူတို့ရဲ့ မဲဆွယ်အဖွဲ့တွေရဲ့ ရေးသားတင်ပြချက်တွေကို မှန်မမှန် လိုက်ပြီး စစ်ဆေးမနေနိုင်တဲ့ အတွက် သူတို့ကို လွတ်လပ်စွာ လိမ်လည်ခွင့် ပေးထားသလို ဖြစ်နေတာကြောင့် ဖေ့စ်ဘုတ်မှာ ဖေါ်ပြခွင့်ကို အောက်တိုဘာလ အစောပိုင်းကတည်းက ပိတ်ပင်ခဲ့တာပါ။ ဒီနိုင်ငံရေးသမားတွေဟာ ဖေ့စ်ဘုတ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ရနေတယ်လို့ ဖေ့စ်ဘုတ် CEO Mark Zuckerberg က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီကနေ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရာမှာ ထိပ်ကပြေးနေတဲ့ ဒုသမ္မတဟောင်း Joe Biden ကို ပစ်မှတ်ထားပြီး သမ္မတ Donald Trump ရဲ့ မဲဆွယ်အဖွဲ့က အထင်မှားအောင် ထည့်သွင်းခဲ့တဲ့ ဗီဒီယို ကြော်ငြာကို ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့တဲ့ တွစ်တာဟာ Facebook နဲ့ Google တို့နဲ့ အတူ စက်တင်ဘလထဲမှာပဲ ဒီပြဿနာမျိုး ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကိုတုန့်ပြန်တဲ့အနေနဲ့ နောက် သမ္မလောင်း အဖြစ် အလားလာ ရှိသူ ဒီမိုကရက် အထက်လွှတ်တော်အမတ် Elizabeth Warren က Facebook မှာပဲ Mark Zuckerberg ဟာ သမ္မတ Donald Trump ပြန်အရွေးခံရအောင် လုပ်ပေးနေတယ်လို့ စွပ်စွဲထားတဲ့ ကြော်ငြာတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် CNN အကြီးအကဲ Jeff Zucker အပါအဝင် နိုင်ငံရေးသုံးသပ်သူတွေက Facebook ကို နိုင်ငံရေး ကြော်ငြာအားလုံး ထည့်မပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ တွစ်တာ CEO Jack Dorsey ကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ဒီလို ကြော်ငြာတွေကို ပိတ်ပင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ တွစ်တာရဲ့ဒီလို ပိတ်ပင်မှုဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ႏိုင္ငံေရး ေၾကာ္ျငာေတြ Twitter ပိတ္ပင္မည္
please wait

No media source currently available

0:00 0:00:37 0:00
တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG