သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ် Twitter အကောင့် အပိတ်ခံရ


မြန်မာနိုင်ငံ ကြည်း၊ ရေ၊ လေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို တွစ်တာက ဖယ်ရှားလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တာဝန်ပေးထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့က ရခိုင်ပြည်နယ်မှာ သူတို့ တွေ့ရှိခဲ့ရတဲ့ အခြေအနေ အစီရင်ခံစာကို တင်သွင်းဖို့ ပြင်ဆင်နေချိန်မှာဘဲ တွစ်တာက ဗိုလ်ချုပ်မှူးကြီးရဲ့ အကောင့်ကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ အပါအဝင် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ရုံးတင် စစ်ဆေးနိုင်ဖို့ အဆင်သင့် ဖြစ်အောင်လည်း လုပ်ဆောင်နေတယ်လို့ ဒီ စုံစမ်းရေး ကော်မရှင်က ဆိုထားပါတယ်။ ဒီ စုံစမ်းရေး ကော်မရှင်ရဲ့ စစ်ဆေးမှု အတွက် တွစ်တာ၊ Facebook နဲ့ တခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက သူတို့ ရရှိထားတဲ့ အချက်အလက်တွေနဲ့ အထောက်အကူပြု ပူးပေါင်းပါဝင်မယ်ဆို တာကိုတော့ အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေကတော့ ဒီစုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ လူမှုကွန်ယက် မီဒီယာတွေ အားလုံးကို တောင်းဆိုထားပြီး အခု တွစ်တာကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို ဖယ်ရှားလိုက်တာဟာ အောင်ပွဲ တရပ် ဖြစ်တယ်လို့လည်း ကြိုဆိုနေကြပါတယ်။ မြန်မာ အစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နောက် မြန်မာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ Facebook အကောင့်တွေကိုတော့ Facebook ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ အတွက်ကြောင့်ဆိုပြီး ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ပိတ်ပစ်ခဲ့တာပါ။ Facebook အကောင့် ပိတ်ခံရပြီးနောက် အသုံးပြုခဲ့တဲ့ VK လူမှုကွန်ယက် အကောင့်ကလည်း ဖွင့်ပြီး မကြာခင်မှာဘဲ အပိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာတပ်ချုပ် Twitter အကောင့် အပိတ်ခံရ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG