သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ Facebook ပိတ်ပင်ခံရ


တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ Facebook ပိတ်ပင်ကြောင်းကြေညာ
တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ Facebook ပိတ်ပင်ကြောင်းကြေညာ

မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၄ ခုကို Facebook လူမှုကွန်ယက်က ဖယ်ရှားလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

AA ရခိုင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ KIA ကချင်လက်နက်ကိုင်အဖွဲ့နဲ့ TNLA တအောင်းပလောင်းအဖွဲ့တွေဟာ အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းတွေအဖြစ် Facebook စာမျက်နှာက ဖယ်ရှားလိုက်ကြောင်း ဒီကနေ့ပဲ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ကို အားပေးထောက်ခံသူတွေ၊ ကိုယ်စားပြုသူတွေကို နောက်ထပ် တွေ့ရှိတဲ့အခါ Facebook စာမျက်နှာက ဖယ်ရှားသွားမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်ဝါဒီ လှုပ်ရှားမှု၊ စနစ်တကျ အမုန်းပွားအောင် ကြိုးပမ်းမှု၊ လူအများအပြားကို သတ်ဖြတ်မှု၊ လူမှောင်ခိုမှုနဲ့ တခြားရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ အပါအဝင် ပဋိပက္ခဖြစ်စေတဲ့ လုပ်ရပ်တွေကို Facebook စာမျက်နှာမှာ လက်ခံမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားတာပါ။

မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံတွေဟာ နက်ရှိုင်းကြောင်း အသိအအမှတ်ပြု လက်ခံထားသလို၊ လူမှုကွန်ရက် ကုမ္ပဏီတခုအနေနဲ့ ပြဿနာတွေကို ထိန်းချုပ်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းတဲ့ အနေနဲ့ အခုလို ဖယ်ရှားတာတွေ လုပ်ခဲ့တာ ဖြစ်ကြောင်းလည်း Facebook ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ Facebook စာမျက်နှာတွေမှာ အမုန်းစကားတွေနဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးရာရောက်တဲ့ လုပ်ရပ်တွေ ပျံ့နှံ့နေတာတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့ကြောင်း ကုလသမဂ္ဂ အရာရှိတွေ အပါအဝင် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာပဲ အရေးုယူမှုတွေလည်း ပေါ်ပေါက်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ် တာဝန်ရှိသူတွေနဲ့ တခြားဆက်နွယ်တဲ့ စာမျက်နှာတွေ အကောင့်တွေကိုလည်း Facebook က ပိတ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG