သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှက ဖမ်းဆီးထားတဲ့သတင်းထောက်နှစ်ဦး ရှေ့နေတွေ့ခွင့်မရ


ဖမ်းဆီးခံရတဲ့သတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်
ဖမ်းဆီးခံရတဲ့သတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်

ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြသူတွေ အကြောင်း သတင်းရယူကြရင်း ဘင်္ဂလားဒေရှ့်မှာ ဖမ်းခံရတဲ့ မြန်မာ သတင်းထောက် နှစ်ဦး ရှေ့နေနဲ့ တွေ့ခွင့်မရ ဖြစ်နေတာကြောင့် ဒီသတင်းထောက်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။

ဖမ်းဆီးခံ မြန်မာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ဦးက ဘင်္ဂလားဒေရှ့် နိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်နဲ့ ရောက်ရှိလာပြီး ဂျာမနီ မဂ္ဂဇင်း GEO အတွက် သတင်းထောက်တွေအဖြစ် လုပ်ကိုင်နေတာကြောင့် ဖမ်းဆီးတာ ဖြစ်တယ်လို့ ရဲအဖွဲ့က ပြောဆိုထားပြီး သူတို့နှစ်ဦးအတွက် အာမခံကိုလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပယ်ချထားတာပါ။

ဒီသတင်းထောက်တွေ လွတ်မြောက်ရေး အတွက် အထက် တရားရုံးကို အယူခံလျှောက်ထားဖို့ရှေ့နေ Jyotirmoy Barua က မြန်မာ သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားရာ အကျဉ်းထောင်ကို သွားရောက်ပြီး တွေ့ဆုံခွင့် တောင်းခံခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက တွေ့ခွင် မပေးခဲ့ပါဘူး။ ဘာကြောင့် တွေ့ခွင့် မပေးရလဲ ဆိုတာကိုလည်း မပြောခဲ့ဘူးလို့ ရှေ့နေက ပြောပါတယ်။ သတင်းထောက် နှစ်ဦး အရေး မြန်မာ အစိုးရဘက်ကလည်း သံတမန်ရေး လမ်းကြောင်းနဲ့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားတာပါ။

ဂျာမနီ မဂ္ဂဇင်း GEO ရဲ့ တာဝန်နဲ့ စက်တင်ဘာလ ၆ ရက်နေ့က ဘင်္ဂလားဒေရှ့်ကို သွားရောက်ခဲ့တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို စက်တင်ဘာလ ၇ ရက်နေ့မှာ ရဲက ဖမ်းတာပါ။ ဖမ်းဆီးခံ သတင်းထောက်တွေကို ရှေ့နေနဲ့ တွေ့ခွင့် မပေးတဲ့ အပေါ် အထူး စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေနဲ့ အခြေအနေကို သိဖို့ လိုအပ်ကြောင်း GEO ရဲ့ အယ်ဒီတာချုပ်နဲ့ Panos Pictures ရဲ့ ညွှန်ကြားရေးမှူးချုပ် Adrian Evans တို့က ပူးတွဲကြေညာချက်ထုတ် ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရ်ှက ဖမ်းဆီးခံရတဲ့သတင်းထောက်နှစ်ဦး ရှေ့နေတွေ့ခွင့်မရ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG