သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းထောက်တွေအပေါ် စွဲချက် ရုတ်သိမ်းဖို့ CPJ တောင်းဆို


ဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦး (ဝဲ) နဲ့ ကိုခွန်လတ် (ယာ) သတင်းဓာတ်ပုံ-Geo Magazine
ဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦး (ဝဲ) နဲ့ ကိုခွန်လတ် (ယာ) သတင်းဓာတ်ပုံ-Geo Magazine

Bangladesh နိုင်ငံမှာ ဖမ်းဆီးတရားစွဲထားတဲ့ မြန်မာဓါတ်ပုံ သတင်းထောက် ၂ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ သူတို့အပေါ်စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ရုတ်သိမ်းပေးဖို့ သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ကတောင်းဆိုလိုက်ပါတယ်။ ဂျာမန် GEO မဂ္ဂဇင်းအတွက် ရိုဟင်ဂျာတွေအကြောင်း ဓါတ်ပုံရိုက်ယူပေးဖို့တာဝန်ပေးခဲ့တဲ့ အလွတ်ဓါတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ခွန်လတ်တို့ ၂ ယောက် စက်တင်ဘာလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဖမ်းဆီးပြီး သူလျိူလုပ်မှုနဲ့ တရားစွဲထားပါတယ်။

ကမ္ဘာမှာထိပ်တန်းရောက်နေတဲ့ သတင်းကြီးတခုအတွက် သတင်းယူတဲ့ သတင်းထောက်တွေ Bangladesh အာဏာပိုင်တွေအနေနဲ့ ရာဇဝတ်မှုနဲ့ အရေးမယူသင့်ဘူးလို့ CPJ ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Robert Mahoney က CPJ ရဲ့ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ကိုမင်းဇေယျာဦးနဲ့ ခွန်လတ်တို့ကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး သူတို့အပေါ်စွဲဆိုထားတဲ့ စွဲဆိုချက်အားလုံးကို ရုတ်သိမ်းပေးဖို့တောင်းဆိုသလို ရိုဟင်ဂျာတွေရဲ့သတင်းကို သတင်းယူတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းထောက်တွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးရမယ်လို့ CPJ အကြီးအကဲက ပြောပါတယ်။

မြန်မာနိုင်ငံက သတင်းထောက် ၂ ယောက်ကို Bangladesh အာဏာပိုင်တွေက အာမခံမပေးဘဲ ဆက်လက်ထိန်းသိမ်းထားပါတယ်။ သူတို့ ၂ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သတင်းထောက်ဗီဇာနဲ့ မဟုတ်ပဲ ကမ္ဘာလှည့် ခရီးသွားဧည့်သည် ပြည်ဝင်ခွင့်ဗီဇာနဲ့ ဝင်ရောက်ပြီး သတင်းဓါတ်ပုံ ရိုက်ယူခဲ့တယ်။

အတုအယောင်နဲ့ အချက်အလက်အမှားတွေ ဖော်ပြတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီး တရားစွဲဆိုထားကြောင်း AFP သတင်းတခုမှာ ဖော်ပြပါတယ်။ ကိုမင်းဇေယျာဦးကတော့ ဗြိတိန်အခြေစိုက် Panos Pictures ဓာတ်ပုံလုပ်ငန်းကုမ္ပဏီရဲ့ အလွတ်သတင်းထောက်လည်းဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG