သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်ဂျီယံအကြမ်းဖက်ပစ်ခတ်မှု ၂ ဦးသေ


ဘယ်လ်ဂျီယံနိုင်ငံ ဘရုဆဲလ်မြို့မှာ ကျင်းပတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု (F) ဘယ်လ်ဂျီယံနဲ့ ဆွီဒင်ဘောလုံးပွဲစဉ် သေနတ်ပစ်ခတ်မှုကြောင့် ရပ်နားလိုက်အပြီး တွေ့ရစဉ် (အောက်တိုဘာ ၁၆၊ ၂၀၂၃)
ဘယ်လ်ဂျီယံနိုင်ငံ ဘရုဆဲလ်မြို့မှာ ကျင်းပတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု (F) ဘယ်လ်ဂျီယံနဲ့ ဆွီဒင်ဘောလုံးပွဲစဉ် သေနတ်ပစ်ခတ်မှုကြောင့် ရပ်နားလိုက်အပြီး တွေ့ရစဉ် (အောက်တိုဘာ ၁၆၊ ၂၀၂၃)

ဘယ်လ်ဂျီယံနိုင်ငံ ဘရုဆဲလ်မြို့မှာ တနင်္လာနေ့က ကျင်းပတဲ့ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်နှစ်နိုင်ငံ ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ပွဲကြည့်ပရိတ်သတ်ထဲက ဆွီဒင်နိုင်ငံသား ၂ ဦးသေဆုံးသွားတာကြောင့် ပွဲတဝက်နဲ့ ရပ်နားလိုက်ရပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံရနိုင်တယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်ထားချိန်မှာ ဘောလုံးပွဲ ကြည့်တဲ့ ပရိတ်သတ်ကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားတာပါ။

ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူဟာ အသက် ၄၅ နှစ်အရွယ် တူနီးရှားနိုင်ငံသား အစွန်းရောက်သမားတဉီးဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားအပြီး နာရီပိုင်းအကြာမှာ သူ့ကို ပစ်သတ်လိုက်တဲ့အကြောင်း ဘယ်လ်ဂျီယံပြည်ထဲရေးဝန်ကြီးက ကြေညာပါတယ်၊ တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိတဲ့ သူဟာ အသေခံဖို့ အဆင့်သင့်ဖြစ်တဲ့အကြောင်းနဲ့ ဆွီဒင်နိုင်ငံသားသုံးဦးကို သတ်လိုက်တဲ့အကြောင်း အွန်လိုင်းမှာ ဗွီဒီယိုနဲ့ ကြေညာခဲ့ပါတယ်။ တတိယမြောက် ဆွီဒင်နိုင်ငံသား တဉီးလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပရိတ်သတ် သုံးသောင်းခွဲလောက် ဘောလုံးပွဲကြည့်နေတဲ့နေရာမှာ ရှိနေခဲ့ပါတယ်။

ဩဂုတ်လကတည်းက ဆွီဒင်နိုင်ငံမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ကိုရမ်ကျမ်းစာကို မီးရှို့ဆန္ဒပြမှုတွေကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံလာရနိုင်ခြေ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မနေ့က တိုက်ခိုက်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံမှာလည်း အကြမ်းဖက်မှု သတိပေးချက် အဆင့်လေးအထိ ထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG