သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နိုင်ငံသား ၂ ဦးကို ပြည်နှင်ဒဏ်ပေးဖို့ မြန်မာအစိုးရ စီစဉ်နေ


ရန်ကုန်မြို့တွင်းက ဗလီကျောင်းတခု
ရန်ကုန်မြို့တွင်းက ဗလီကျောင်းတခု

တရားဝင် ခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ ရန်ကုန်မြို့တွင်းက ဗလီကျောင်းတွေကို သွားရောက်ခဲ့ပြီး တရားဟောခဲ့တဲ့ ပါကစ္စတန်နိုင်ငံသား ၂ ဦးကို မြန်မာအစိုးရ အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး ပြည်နှင်ဒဏ်ပေးဖို့ဆောင်ရွက်နေတယ်လို့ တူရကီနိုင်ငံအခြေစိုက် Anadolu Agency သတင်းဌာနက ဖေါ်ပြထားပါတယ်။

နိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့လ တလထဲအတွင်း ဗလီကျောင်းတွေ တော်တော်များများနဲ့ ဘာသာရေး အဆောက်ဦးတွေ တိုက်ခိုက်ခံရမှုတွေဖြစ်ပွားခဲ့ပြီး ဘာသာရေးဆိုင်ရာ ပိတ်ပင် ချုပ်ချယ်မှုတွေ ဖြစ်ပွားနေချိန်မှာ အခုလို ဖမ်းဆီးထိန်းသိမ်းမှု ပေါ်ပေါက်လာတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီလူ ၂ ဦးဟာ ပုံမှန်ထက် အနည်းငယ်ပိုပြီးတော့ ဗလီကျောင်းတွေကို သွားရောက်ခဲ့ပြီး တရားဟောခဲ့တယ်လို့ မြန်မာနိုင်ငံက တရားဝင် မွတ်ဆလင်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပြီး၊ ဒီဖမ်းဆီးမှုဟာ ဝတ်ပြုဆုတောင်း ပိုင်ခွင့်ကို ဖိနှိပ်ချုပ်ချယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၆၃ နှစ်အရွယ် Amed Zulficar နဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် Amed Saifullah တို့ဟာ ဇူလိုင်လ ၂၆ ရက်နေ့ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပြီးနောက်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ အာဏာပိုင်တွေထံကနေ ခွင့်ပြုချက် မရယူပဲ ပန်းဘဲတန်း၊ ကျောက်တံတားနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေမှာ တရားဟောခဲ့တယ်လို့ ရန်ကုန်မြို့က ရဲအရာရှိတယောက်က Anadolu သတင်းဌာနကို ပြောပြတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီလူ ၂ ယောက်ဟာ Tourist ခရီးသွားဗီဇာနဲ့ ရောက်ရှိလာတာ ဖြစ်ပြီး၊ စည်းကမ်း စည်းမျဉ်းအရ ဒီဗီဇာအမျိုးအစားနဲ့ ဝင်ရောက်လာသူ တွေဟာ တရားဟောပိုင်ခွင့် မပြုထားကြောင်း အမည်မဖေါ်လိုတဲ့ ရဲအရာရှိက ရှင်းပြခဲ့တယ်လို့ ရေးသားထားပါတယ်။ သူတို့ကို စနေနေ့က ဖမ်းဆီးခဲ့ပြီး မြို့နယ်ရဲစခန်းတခုမှာ စစ်ဆေးခဲ့ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ခဲ့ကြောင်းတွေ့ရှိခဲ့ရင် ထောင်ဒဏ် (၆)လ ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ပြစ်ဒဏ် (၂)ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့မှာရှိတဲ့ ပါကစ္စတန် သံရုံးရဲ့ ချက်ခြင်း ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေမှု ပြီးဆုံးတာနဲ့ ချက်ချင်း ပြည်နှင်ဒဏ်ပေးဖွယ် ရှိကြောင်း ရဲအရာရှိကို ကိုးကားပြီး Anadolu သတင်းဌာနက ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG