သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Krathon  မုန်တိုင်းကြောင့် တိုင်ဝမ်မှာ လေယာဉ်ခရီးစဉ်တွေဖျက်


တိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Krathon ဝင်ရောက်မှုကြောင့် ဖျက်သိမ်းလိုက်ရတဲ့ လေယာဉ်ခရီးစဉ်များကိုတွေ့ရစဉ် (အောက်တိုဘာ ၂၊ ၂၀၂၄)
တိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Krathon ဝင်ရောက်မှုကြောင့် ဖျက်သိမ်းလိုက်ရတဲ့ လေယာဉ်ခရီးစဉ်များကိုတွေ့ရစဉ် (အောက်တိုဘာ ၂၊ ၂၀၂၄)

တိုင်ဝမ်မှာ Krathon တိုင်ဖွန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ အားလုံး နဲ့ တိုင်ပေမြို့တော်ကနေ ထွက်ခွာမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ်တချို့ကို ဖျက်လိုက်ရပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့် ကျောင်းတွေနဲ့ ရုံးတွေကို ၃ ရက် ဆက်တိုက်ပိတ်ထားပြီး လူတွေကိုလည်း အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက ပန်ကြားထားပါတယ်။

ပြင်းအားအဆင့် ၁ ရှိတဲ့ Krathon တိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာ တိုင်ဝမ်ကျွန်း အနောက်တောင်ဘက်ပိုင်းကနေ ကုန်းတွင်းကို စတင်ဝင်ရောက်ခဲ့တာပါ။ မုန်တိုင်းက အခုလောလောဆယ်မှာ ၁ နာရီကို လေတိုက်နှုန်း ၈၅ မိုင်ကနေ ၁၀၇ မိုင်းအထိရှိပြီး၊ ၁ နာရီကို ၂.၅ မိုင်နှုန်းနဲ့ အရှေ့မြောက်ဘက်ကို ဦတည်နေပြီး တဖြည်းဖြည်းနဲ့ အားလျော့လာမယ်လို့ တိုင်ဝမ်ရဲ့ ဗဟိုမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

တိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Krathon တိုက်ခတ်ပြီးနောက်ရေကြီးနေတဲ့ မြင်ကွင်းတခု (အောက်တိုဘာ ၃၊ ၂၀၂၄)
တိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Krathon တိုက်ခတ်ပြီးနောက်ရေကြီးနေတဲ့ မြင်ကွင်းတခု (အောက်တိုဘာ ၃၊ ၂၀၂၄)

မုန်တိုင်းကြောင့် ထိုင်ဝမ်တောင်ပိုင်း နဲ့ အရှေ့တောင်ပိုင်းမှာ၂ ယောက် သေဆုံးပြီး၊ ၁၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ တိုင်ဝမ်ရဲ့ အရေးပေါ် ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေထဲက တယောက်ကတော့ တိုင်ဝမ်အရှေ့တောင်ပိုင်းက Taitung ခရိုင်မှာ လမ်းပေါ်ပြိုကျလာတဲ့ကျောက်တုံးတွေကို ကားနဲ့ဝင်တိုက်မိတာဖြစ်ပြီး နောက်တယောက်ကတော့ Hualien မြို့မှာ သစ်ပင်ခုတ်ရင်းသေဆုံးသွားတာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် မြေပြိုကျတာတွေဖြစ်လာနိုင်တဲ့အတွက် အဲဒီလိုနေရာတွေက လူထောင်ပေါင်းများစွာကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးထားပြီး တိုင်ဝမ်စစ်တပ်က တပ်ဖွဲ့ဝင် ၄ သောင်းကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အသင့်ပြင်ဆင်ထားပါတယ်။ တိုင်ဝမ်ကျွန်းတောင်ပိုင်းက တောင်ထူထပ်တဲ့နေရာတွေမှာတော့ ပြီးခဲ့တဲ့ ၅ ရက်အတွင်း မိုးအကြီးအကျယ်ရွာသွန်းခဲ့တာကြောင့် မိုးရေချိန် ၅ပေ လောက်အထိ မြင့်တက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG