သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုး/ဇလပညာရှင် ဦးထွန်းလွင်ကွယ်လွန်


မိုး/ဇလပညာရှင် ဦးထွန်းလွင် (သတင်းဓာတ်ပုံ - ဦးထွန်းလွင်ဖေ့ဘွတ်)
မိုး/ဇလပညာရှင် ဦးထွန်းလွင် (သတင်းဓာတ်ပုံ - ဦးထွန်းလွင်ဖေ့ဘွတ်)

(Zawgyi/Unicode)

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ဒီကနေ့ ညနေပိုင်း ၆ နာရီ ၅၇ မိနစ်မှာ ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံတခုမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဦးထွန်းလွင်ဟာ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အစိုးရဝန်ထမ်းဘဝကနေ အငြိမ်းစားယူခဲ့ပါတယ်။

မိုးဇလ ဦးစီးဌာနမှာ တာဝန်ထမ်းနေစဉ် မြန်မာရုပ်သံမှာ အပတ်စဉ် မိုးလေဝသ သတင်းတွေကို ကြေညာပေးသူအဖြစ် လူသိထင်ရှားလာခဲ့တာပါ။ အငြိမ်းစား ယူပြီးတဲ့နောက်မှာလည်း မိုးလေဝသပညာရှင် တဦးအနေနဲ့ ရာသီဥတု သုံးသပ်ချက်တွေ သုတေသနနဲ့ ဘာသာရပ်ဆိုင်ရာ စာတမ်းတွေကို ရေးသားပြုစုခဲ့သလို မိုးဇလနဲ့ ပတ်သက်လို့ အပတ်စဉ် ရုပ်သံ ရေဒီယို အင်တာဗျူးတွေမှာ ပါဝင်ဆွေးနွေးခဲ့လို့ လူကြိုက်များခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ မဟာသိပံ (မိုးလေဝသ) ဘွဲ့တွေကို ရခဲ့ပြီး မိုးလေဝသဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေရဲ့ ဂုဏ်ပြု အသိအမှတ်ပြုတာကိုလည်း ခံခဲ့ရသူပါ။ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်ပြီး ရန်ကုန် သုဝဏ္ဏမှာ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦး၊ မြေးနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG