သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UAE မှာ ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀ ကျော် ထောင်ချခံရ


အိန္ဒိယနိုင်ငံ ကော်ကာတာမြို့ Alia တက္ကသိုလ်မှာ ဘင်္ဂလားဒေ့ရှ်အရေး ဆန္ဒပြနေတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူများ (ဇူလိုင် ၂၂၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ ကော်ကာတာမြို့ Alia တက္ကသိုလ်မှာ ဘင်္ဂလားဒေ့ရှ်အရေး ဆန္ဒပြနေတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူများ (ဇူလိုင် ၂၂၊ ၂၀၂၄)

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ဆန္ဒပြပွဲတွေကို တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၇ ယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစိုးရအလုပ်အကိုင် နေရာတွေအတွက် ခွဲတမ်းပေးတဲ့ စနစ်ကို မကျေနပ်မှုတွေကြောင့် နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့သလို ပြည်ပရောက်နေသူတွေလည်း ဆန္ဒပြခဲ့ကြတာပါ။

UAE မှာ ဆန္ဒပြခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေထဲက ၃ ယောက်ကို ထောင်ဒဏ်တသက်၊ ၅၃ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်၊ ကျန် ၁ ယောက်ကို ထောင်ဒဏ် ၁၁ နှစ် စီရင်ချက်ချခဲ့ကြောင်း နိုင်ငံပိုင် WAM သတင်းက ဒီကနေ့ပဲ ဖော်ပြခဲ့တာပါ။ အပြစ်ပေးခံရသူတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့ပြီး လမ်းတွေပေါ်မှာ ဆူပူမှုဖြစ်အောင် လုပ်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ပြစ်ဒဏ်တွေ ကျခံပြီးတဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ပို့မယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina ကို ထောက်ခံသူတွေ အမျက်ထွက်တယ်လို့ ဝေဖန်နေကြတဲ့ အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ်ကို မကျေနပ်ရာက ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၆၃ ဦး သေဆုံးခဲ့ရတာပါ။၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တချို့ အပါအဝင် လူ ၅၀၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့က အကြမ်းဖက်မှု စွပ်စွဲချက်နဲ့ ဒါကာမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

Forum

XS
SM
MD
LG