သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Uganda မှာ သတင်းစာဆရာ ၈ ဦး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခံရ


အာဖရိကတိုက် ယူဂန်ဒါနိုင်ငံမှာ နိုင်ငံအနှံ့ ထုတ်ဝေတဲ့ Red Pepper သတင်းစာရဲ့ အကြီးတန်း ဝန်ထမ်း ၈ ယောက်ကို ဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲဆိုလိုက်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဒီပုဂ္ဂလိက သတင်းစာရဲ့ Kampala မြို့တော်မှာရှိတဲ့ သတင်းစာတိုက်တွေကို အင်္ဂါနေ့ နှောင်းပိုင်းမှာ ရဲတွေ ဝင်စီးပြီး သတင်းစာ ဆရာတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နေ့ထုတ်ဝေတဲ့ သတင်းစာထဲမှာ သတင်းမှားတွေကို ဖြန့်ချိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

သတင်းအရင်းအမြစ်ကို ဖော်ပြမထားဘဲ ယူဂန်ဒါသမ္မတ Yoweri Museveni ဟာ ရဝန်ဒါနိုင်ငံသမ္မတ Paul Kagame ဖြုတ်ချဖို့ ကြံစည်နေတယ်လို့ အဲဒီသတင်းစာက ရေးသားခဲ့တာပါ။

အဲဒီသတင်းစာဆရာတွေကို နိုင်ငံတော် ပုန်ကန်မှုအပြင် အမျိုးသားလုံခြုံရေးကို ထိပါးစေတဲ့ အချက်အလက်တွေကို ဖြန့်ချီမှုနဲ့လည်း စွဲဆိုထားတယ်လို့ ရဲအရာရှိတဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူတို့ကို ဘယ်နေ့ ရုံးထုတ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

အမေရိကန် အခြေစိုက် CPJ ခေါ် သတင်းစာဆရာများ ကာကွယ်ရေး ကော်မီတီက ဒီသတင်းစာဆရာ ၈ ဦးကို အမြန်ဆုံး လွတ်ပေးဖို့ ယူဂန်ဒါအစိုးရကို တောင်းဆိုထားပါတယ်။

Uganda မှာ သတင်းစာဆရာ ၈ ဦး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG