မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အစီအစဉ်သစ်တွေကို UK, EU နဲ့ ကနေဒါနိုင်ငံတွေက ဒီကနေ့ပဲ ပူးတွဲကြေညာလိုက်ပါတယ်။ မြန်မာစစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ဝင်ငွေရရှိနေတာတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှာဖြစ်တယ်လို့လည်းဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။
UK ရဲ့ ဒဏ်ခတ်မှုတွေမှာ အရပ်သားတွေအပေါ် လေကြောင်းက တိုက်ခိုက်မှုတွေကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီအတွက် လေယာဉ်ဆီတွေ၊ လေယာဉ်ပစ္စည်းအစိတ်အပိုင်း အပါအဝင် တားမြစ်ကုန်ပစ္စည်းတွေ ပေးပို့နေတဲ့ လုပ်ငန်း ၆ ခုကိုလည်း UK ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု အစီအစဉ်မှာ ထည့်သွင်းထားတာပါ။ အရပ်ဘက် နေရာတွေကို စစ်တပ်က လေကြောင်းက တိုက်ခိုက်နေတာ အပါအဝင် မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေတယ်လို့လည်း ဗြိတိန်အစိုးရရဲ့ အင်ဒိုပစိဖိတ်ရေးရာ ဝန်ကြီး Catherine West က ပြောပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews နဲ့ လူ့အခွင့်ရေး စုံစမ်းစစ်ဆေးရေးမှူး Nicholas Koumjian တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဒီကနေ့ တင်ပြဖို့ စီစဉ်ထားပါတယ်။
Forum