သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်သစ် Starmer နဲ့ ယူကရိန်းသမ္မတ တွေ့ဆုံ


လန်ဒန်မြို့ တော်ရှိ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့တွေ့ဆုံခဲ့တဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (ဇူလိုင် ၁၉၊ ၂၀၂၄)
လန်ဒန်မြို့ တော်ရှိ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့တွေ့ဆုံခဲ့တဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (ဇူလိုင် ၁၉၊ ၂၀၂၄)

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နဲ့ ယူကရိန်းသမ္မတ ဗလော်ဒိုမာ ဇလင်စကီး (Volodymyrr Zelenskyy) တို့ ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဝန်ကြီးချုပ်ရဲ့ နေအိမ် အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ယူကရိန်းသမ္မတ ဇလင်စကီးဟာ ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် Starmer ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံးလာရောက်လည်ပတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်စတာမာကတော့ ဗြိတိန်နိုင်ငံမှာ အစိုးရသစ်အပြောင်းအလဲဖြစ်ပေမယ့်လည်း ဗြိတိန်နိုင်ငံအနေနဲ့ ယူကရိန်းကို ဆက်လက် ကူညီပံ့ပိုးသွားမှာဖြစ်တယ်လို့ ပြောလိုက်ပြီး၊ သမ္မတဇလင်စကီးကတော့ အခုလို သူ့ကို ဖိတ်တဲ့အတွက် ဝန်ကြီးချုပ်စတာမာကို ကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။

ဒါ့အပြင် သမ္မတဇလင်စကီးဟာ ဒီနေ့ နေ့လည်ပိုင်းမှာတော့ ဗြိတိန်အစိုးရအဖွဲ့ကို မိန့်ခွန်းပြောကြားမှာဖြစ်ပြီး၊ ဒါဟာ ၁၉၉၇ ခုနှစ်က အမေရိကန်သမ္မတ Bill Clinton နောက်ပိုင်း ပြည်ပနိုင်ငံခေါင်းဆောင်တွေထဲက လူကိုယ်တိုင်လာရောက်ပြီးတော့ ပထမဆုံးမိန့်ခွန်းပြောကြားတာဖြစ်ပါတယ်။

သမ္မတဇလင်စကီးအနေနဲ့ ဗြိတိန်အစိုးရအဖွဲ့နဲ့ တွေ့တဲ့အချိန်မှာ ယူကရိန်းနိုင်ငံက အခြေအနေတွေနဲ့ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးလက်နက်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ လိုအပ်တာတွေကို ပြောကြားသွားဖို့ရှိနေပါတယ်။

ဒါ့အပြင် သမ္မတဇလင်စကီးနဲ့ ဝန်ကြီးချုပ်စတာမာတို့ဟာ ယူကရိန်းအနေနဲ့ လက်နက်ဝယ်ယူဖို့အတွက် ဗြိတိန်နိုင်ငံကနေ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံတန်ဖိုးရှိတဲ့ အကူအညီတွေပေးဖို့ သဘောတူစာချုပ်ကိုလည်း အပြီးသတ် ချုပ်ဆိုသွားဖို့လည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG