သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်လယ်ပိုင်း ရွေးကောက်ပွဲကျင်းပဖို့ UK ဝန်ကြီးချုပ် မျှော်လင့်


ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak)
ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak)

ဗြိတိန်မှာ ဒုတိယနှစ်ဝက်အတွင်း ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပဖို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) က ကြာသပတေးနေ့မှာ ပြောပါတယ်။ မေလမှာ စောပြီး ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုချက်တွေကိုတော့ သူက ပယ်ချခဲ့ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ် အစောပိုင်း နောက်ဆုံးထားပြီးကျင်းပရမယ့် ရွေးကောက်ပွဲမှာ ဆူးနက်ခ်ရဲ့ ကွန်ဆာဗေးတစ်ပါတီဝင်တွေဟာ အဓိကအတိုက်အခံ လေဘာပါတီနဲ့ အကြိတ်အနယ် ယှဥ်ပြိုင်ရဖွယ် ရှိနေတာပါ။ အတိုက်အခံတွေဘက်ကတော့ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပေးဖို့ တောင်းဆိုထားကြပါတယ်။

ဆူးနက်ခ်ရဲ့ အင်္ဂလန် အလယ်ပိုင်း ခရီးစဥ်အတွင်း သတင်းထောက်တွေကို ပြောဆိုချက်မှာတော့ " ဒီကြားထဲမှာ လက်ရှိအစိုးရအနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်စရာတွေ အများကြီးရှိနေလို့ ဒီနှစ် ဒုတိယနှစ်ဝက်ကျမှ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်နိုင်မယ်လို့ ယူဆကြောင်း” ပြောပါတယ်။ "ကျနော် ဒီအတိုင်း ဆက်သွားပြီး စီးပွားရေး ကောင်းအောင်လုပ်ရမှာဖြစ်သလို ပြည်သူတွေရဲ့အခွန်တွေကို လျှော့ချတာတွေဆက်လုပ်ဖို့ အများကြီးရှိသေးတယ်" လို့ ဝန်ကြီးချုပ် ဆူးနက်ခ်က ပြောပါတယ်။

ဆူးနက်ခ်ဟာ ၂၀၂၃ ခုနှစ် နှစ်ကုန်မှာ ငွေကြေးဖောင်းပွမှုထက်ဝက်လောက် လျှော့ချနိုင်ဖို့ ရည်မှန်းထားချက် ပြည့်မီခဲ့ပေမယ့် မနှစ်က သူပေးခဲ့တဲ့ အဓိက ကတိကဝတ်တွေထဲမှာ ပါဝင်တဲ့ အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းကို ဝင်လာတဲ့ ရွှေ့ပြောင်းလှေငယ်တွေကို တားဆီးဖို့၊ စီးပွားရေးမြှင့်တင်ဖို့နဲ့ ဆေးရုံတက်ဖို့ ကာလကြာရှည် စောင့်ဆိုင်းရတဲ့စနစ်ကိုပြင်ဆင်ဖို့ ဆိုတာတွေအတွက်တော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဆူးနက်ခ်နဲ့ သူ့ရဲ့ဘဏ္ဍာရေးဝန်ကြီး ဂျရမီဟန့်တို့က 'ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်နေပြီး အခွန်ဖြတ်တောက်နိုင်ဖို့ အာရုံစိုက်နိုင်ပြီ'လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG