သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Odessa ဆိပ်ကမ်းသွားရောက်


ယူကရိန်းကိုရောက်နေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး David Cameron က ဒီနှစ်အစောပိုင်းက ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ အိုဒက်ဆာမြို့က ဘုရားကျောင်းတော်ကြီးကို သွားရောက်ကြည့်ရှုစဥ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
ယူကရိန်းကိုရောက်နေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး David Cameron က ဒီနှစ်အစောပိုင်းက ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ အိုဒက်ဆာမြို့က ဘုရားကျောင်းတော်ကြီးကို သွားရောက်ကြည့်ရှုစဥ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခံရတဲ့ David Cameron ဟာ ရုရှားကျူးကျော်စစ်မှာ ယူကရိန်းကိုထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းတောင်ပိုင်း Odesa ဆိပ်ကမ်းမြို့ကို ကြာသပတေးနေ့က သွားရောက် လေ့လာခဲ့ပါတယ်။

ဗြိတိန်မှာ အစိုးရအဖွဲ့တွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန် ဝန်ကြီးချုပ် Rishi Sunak က သူ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုက်ပြီးနောက် ဒါဟာ မစ္စတာ Cameron ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဥ် ဖြစ်လာတာပါ။ ဒါ့အပြင် ရုရှားတပ်တွေ လေကြောင်းက တိုက်ခိုက်လေ့ရှိတဲ့ Odesa ဆိပ်ကမ်းကို သွားရောက်တဲ့ ဒီခရီးစဥ်က ဗြိတိန် အစိုးရပိုင်းပုဂ္ဂိုလ်တွေထဲမှာ သူက ပထမဆုံး ဖြစ်ပါတယ်။

ယူကရိန်းက လိုအပ်တာမှန်သမျှ ဗြိတိန်အနေနဲ့ ဆက်လက် ပံ့ပိုးသွားမှာဖြစ်ပြီး အလိုအပ်ဆုံးဖြစ်တဲ့ စစ်ရေးအကူအညီကို ခုနှစ်မှာရော နောင်မှာပါ ကူညီထောက်ပံ့သွားမယ့်အကြောင်း နိုင်ငံြခားရေးဝန်ကြီး Cameron က သူ့ခရီးစဥ်အတွင်း ကတိပေး ပြောကြားပါတယ်။

ယူကရိန်းကို အမေရိကန်က ပုံအော ထောက်ပံ့နေတဲ့ ဂျိုးဘိုင်ဒန်အစိုးရကို ပြည်တွင်းမှာ နိုင်ငံရေးအရ ထိုးနှက်နေချိန်၊ EU ဥရောပသမဂ္ဂကလည်း သူ့တို့ ကတိပေးထားတဲ့အတိုင်း စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းကို မထောက်ပံ့နိုင်ပဲ ဖြစ်နေချိန်၊ ကမ္ဘာကြီးတခုလုံးက အရှေ့အလယ်ပိုင်း ဂါဇာအရေးကို ပိုပြီး အာရုံစိုက်နေချိန်မျိုးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Cameron ရဲ့ ခရီးစဥ် ဖြစ်လာတာပါ။

အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းကို ထောက်ပံ့ကူညီနေတာတွေ တချိန်ကျရင် ရပ်ဆိုင်းသွားမယ့် အချိန်မျိုးကို ရုရှားက စောင့်ဆိုင်းနေပုံရပြီး အဲဒါက ‘လက်တွေ့မကျတဲ့အတွေးမျိုး’ လို့ Cameron ရဲ့ ကြာသပတေးနေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ယူကရိန်းကို ဗြိတိန်နိုင်ကပေးတဲ့ စစ်ရေးအကူအညီက ဒေါ်လာ ၅.၇ ဘီလျံရှိပြီး ဒါက အမေရိကန်ပြီးရင် ဒုတိယအများဆုံး ဖြစ်ပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင် ၃ သောင်းကိုလည်း ဗြိတိန်က စစ်ရေး လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG