သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ သတင္းေထာက္ ၂၉ ဦးကို ႐ုရွားျပည္ဝင္ခြင္႔ ပိတ္ပင္


(Zawgyi / Unicode)

သတင္းမွားျဖန္႔မႈ စြဲခ်က္နဲ႔ ၿဗိတိန္ သတင္းေထာက္ ၂၉ ဦးနဲ႔ ကာကြယ္ေရးလုပ္ငန္းဖက္က လူပုဂၢိဳလ္ ၂၀ ကိုရုရွားက အဂၤါေန႔မွာ ျပည္၀င္ခြင့္ပိတ္ပင္ကန္႔သတ္လိုက္ပါတယ္။ ခုစာရင္းထဲမွာပါတဲ့ ၿဗိတိိန္သတင္းေထာက္ေတြဟာ Ukraine နဲ႔ Donbas ကျဖစ္ရပ္ေတြ အပါအ၀င္ သတင္းတု သတင္းမွားေတြကို တမင္ရည္ရြယ္ခ်က္နဲ႔ တဖက္သတ္ျဖန္႔ေနတယ္လို႔ ရုရွား ႏုိင္ငံျခားေရး ၀န္ႀကီးဌာနရဲ ႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘက္လိုက္မႈရွိတဲ့ ေလ့လာဆန္းစစ္ခ်က္ေတြနဲ႔ Russophobia ဆိုတဲ့ ရုုရွားေတြအေပၚ ေၾကာက္စိတ္ေတြ၀င္ေအာင္ ၿဗိတိသ ွ်လူမႈအသိုင္းအ၀ုိင္းအတြင္း လုပ္ကိုင္ေနၾကတယ္လို႔ လည္းေၾကျငာခ်က္မွာ ေျပာထားပါတယ္။ ျပည္၀င္ခြင့္ကန္႔သတ္ခံရသူေတြထဲမွာ BBC၊ Sky News၊ Times၊ Daily Telegraph၊ Independent နဲ႔ Guardian လို ထင္ရွားတဲ့သတင္းစာတုိက္က နာမည္ႀကီးသတင္းေထာက္အေတာ္မ်ားမ်ားလည္း ပါပါတယ္။

ကာကြယ္ေရးဖက္က လူပုဂၢိဳလ္ေတြထဲမွာေတာ့ ေရတပ္ဗို္လ္ခ်ဳပ္ႀကီး Benjamin Key၊ ကာကြယ္ေရးနဲ႔ ဒုံးယာဥ္တည္ေဆာက္မႈလုပ္ငန္း BAE System နဲ႔ Thales UK က အႀကီးတန္းအရာရွိေတြပါ၀င္ပါတယ္။ ရုရွားက်ဴးေက်ာ္စစ္နဲ႔ရင္ဆုိ္င္ေနရတဲ့ယူကရိန္းအတြက္္ ၿဗိတိန္ႏုိ္င္ငံက ေဒၚလာ ၉၃၇ သန္းေက်ာ္တန္ဖိုးရွိတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ၊ ေထာင္ခ်ီတဲ့ တင့္ကားပစ္္မစ္ဇုိင္းဒုံးေတြနဲ႔ လက္နက္ခဲယမ္းမ်ိဳးစုံ၊ ရာခ်ီတဲ့ စစ္ဖက္သုံးယာဥ္ေတြအျပင္ အျခားကိရိယားေတြကိုပါ ေထာက္ပံ႔ထားတာပါ။

ဒီအေတာအတြင္းမွာပဲ ယူကရိန္းႏုိင္ငံအေရွ ႔ပုိင္းက Sievierodonetsk ၿမိဳ ႔ ၈၀ ရာခုိင္ႏႈန္းကို ရုရွားတပ္ေတြ ထိန္းခ်ဳပ္မႈေအာက္ေရာက္သြားၿပီလို႔ ေဒသ အုပ္ခ်ဳပ္ေရးမွဴးတေယာက္ကေျပာပါတယ္။ ၿမိဳ႔အထြက္တံတား ၃ စင္းစလုံးကို ရုရွားတပ္ေတြဖ်က္ဆီးပစ္ခဲ့ေပမယ့္ ဒဏ္ရာရသူေတြကို ကယ္ထုတ္ဖို႔ ယူကရိန္းတပ္ေတြ ဆက္ၿပီးက်ိဳးစားေနတယ္လို႔ Luhansk ေဒသအုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ၿမိဳ ႔ထဲကို လက္နက္ႀကီးေတြနဲ႔အဆက္မျပတ္ပစ္ခတ္ေနတဲ့အတြက္ ျပည္သူအေျမာက္အမ်ားကို ေဘးလြတ္ရာေခၚထုတ္သြားဖို႔ေတာ့ မျဖစ္ႏုိင္ဘူးလို႔ လည္းေျပာပါတယ္။ ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း Donbas ေဒသက စစ္ပြဲေတြဟာ ဥေရာပက တုိက္ပြဲေတြအတြင္း အၾကမ္းအဖက္ဆုံး စစ္ပြဲအျဖစ္ သမုိင္းတြင္သြား လိမ့္မယ္လို႔ ဒိန္းမတ္သတင္းဌာနတခုကို အဂၤါေန႔ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗြိတိန် သတင်းထောက် ၂၉ ဦးကို ရုရှားပြည်ဝင်ခွင့် ပိတ်ပင်

သတင်းမှားဖြန့်မှု စွဲချက်နဲ့ ဗြိတိန် သတင်းထောက် ၂၉ ဦးနဲ့ ကာကွယ်ရေးလုပ်ငန်းဖက်က လူပုဂ္ဂိုလ် ၂၀ ကိုရုရှားက အင်္ဂါနေ့မှာ ပြည်ဝင်ခွင့်ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ ခုစာရင်းထဲမှာပါတဲ့ ဗြိတိန်သတင်းထောက်တွေဟာ Ukraine နဲ့ Donbas ကဖြစ်ရပ်တွေ အပါအဝင် သတင်းတု သတင်းမှားတွေကို တမင်ရည်ရွယ်ချက်နဲ့ တဖက်သတ်ဖြန့်နေတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘက်လိုက်မှုရှိတဲ့ လေ့လာဆန်းစစ်ချက်တွေနဲ့ Russophobia ဆိုတဲ့ ရုရှားတွေအပေါ် ကြောက်စိတ်တွေဝင်အောင် ဗြိတိသ ျှလူမှုအသိုင်းအဝိုင်းအတွင်း လုပ်ကိုင်နေကြတယ်လို့ လည်းကြေငြာချက်မှာ ပြောထားပါတယ်။ ပြည်ဝင်ခွင့်ကန့်သတ်ခံရသူတွေထဲမှာ BBC၊ Sky News၊ Times၊ Daily Telegraph၊ Independent နဲ့ Guardian လို ထင်ရှားတဲ့သတင်းစာတိုက်က နာမည်ကြီးသတင်းထောက်အတော်များများလည်း ပါပါတယ်။

ကာကွယ်ရေးဖက်က လူပုဂ္ဂိုလ်တွေထဲမှာတော့ ရေတပ်ဗိုလ်ချုပ်ကြီး Benjamin Key၊ ကာကွယ်ရေးနဲ့ ဒုံးယာဉ်တည်ဆောက်မှုလုပ်ငန်း BAE System နဲ့ Thales UK က အကြီးတန်းအရာရှိတွေပါဝင်ပါတယ်။ ရုရှားကျူးကျော်စစ်နဲ့ရင်ဆိုင်နေရတဲ့ယူကရိန်းအတွက် ဗြိတိန်နိုင်ငံက ဒေါ်လာ ၉၃၇ သန်းကျော်တန်ဖိုးရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ထောင်ချီတဲ့ တင့်ကားပစ်မစ်ဇိုင်းဒုံးတွေနဲ့ လက်နက်ခဲယမ်းမျိုးစုံ၊ ရာချီတဲ့ စစ်ဖက်သုံးယာဉ်တွေအပြင် အခြားကိရိယားတွေကိုပါ ထောက်ပံ့ထားတာပါ။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Sievierodonetsk မြို့ ၈၀ ရာခိုင်နှုန်းကို ရုရှားတပ်တွေ ထိန်းချုပ်မှုအောက်ရောက်သွားပြီလို့ ဒေသ အုပ်ချုပ်ရေးမှူးတယောက်ကပြောပါတယ်။ မြို့အထွက်တံတား ၃ စင်းစလုံးကို ရုရှားတပ်တွေဖျက်ဆီးပစ်ခဲ့ပေမယ့် ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ ယူကရိန်းတပ်တွေ ဆက်ပြီးကျိုးစားနေတယ်လို့ Luhansk ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မြို့ထဲကို လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် ပြည်သူအမြောက်အများကို ဘေးလွတ်ရာခေါ်ထုတ်သွားဖို့တော့ မဖြစ်နိုင်ဘူးလို့ လည်းပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း Donbas ဒေသက စစ်ပွဲတွေဟာ ဥရောပက တိုက်ပွဲတွေအတွင်း အကြမ်းအဖက်ဆုံး စစ်ပွဲအဖြစ် သမိုင်းတွင်သွား လိမ့်မယ်လို့ ဒိန်းမတ်သတင်းဌာနတခုကို အင်္ဂါနေ့ကပြောပါတယ်။

XS
SM
MD
LG