သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းေကာက္ႏွံတင္ပို႔မႈ သေဘာတူညီခ်က္ သက္တမ္းတိုးႏိုင္ၿပီ


FILE PHOTO: Commercial vessels including vessels which are part of Black Sea grain deal wait to pass the Bosphorus strait off the shores of Yenikapi in Istanbul

{{Zawgyi/Unicode}}

ယူကရိန္းက ေကာက္ပဲသီးႏွံေတြကို ပင္လယ္နက္ဆိပ္ကမ္းေတြကေနတဆင့္ တင္ပို႔ခြင့္ သေဘာတူညီခ်က္ကို သက္တမ္းထပ္တိုးႏိုင္ခဲ့တယ္လို႔ ကုလသမဂၢကအတည္ျပဳပါတယ္။ ဒါေပမဲ့ သက္တမ္းကာလ ဘယ္ေလာက္ထပ္တိုးတယ္ဆိုတာေတာ့ မေျပာပါဘူး။ ဒီသေဘာတူညီခ်က္သက္တမ္းကာလဟာ စေနေန႔မွာ ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

ရထားတဲ့သေဘာတူညီခ်က္စာခ်ဳပ္အရ သက္တမ္းတိုးကာလဟာ ေနာက္ထပ္ရက္ေပါင္း ၁၂၀ ျဖစ္ဖို႔ရွိပါတယ္။ ဒါေပမယ့္ ႐ုရွားဘက္က ရက္ေပါင္း ၆၀ ပဲတိုးမွာျဖစ္ေၾကာင္း ေျပာဆိုေနတာပါ။ ႐ုရွားႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Maria Zakharova ကေတာ့ ဒီသေဘာတူညီခ်က္အတြက္ ရက္ ၆၀ ပဲ သက္တမ္းတိုးမွာျဖစ္ေၾကာင္း TASS သတင္းဌာနကို စေနေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ပင္လယ္နက္ေဒသ ေကာက္ပဲသီးႏွံတင္ပို႔ေရး အစီအစဥ္ဟာ ကမာၻတလႊား အထူးသျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ စားနပ္ရိကၡာမလုံေလာက္မႈကို ျဖည့္တင္းႏိုင္ဖို႔၊ ႐ုရွားရဲ႕စားေသာက္ကုန္ေတြနဲ႔ ဓါတ္ေျမၾသဇာေတြ ကမာၻ႔ေဈးကြက္ထဲေရာက္ေရး နားလည္မႈစာခြၽန္လႊာ MoU နဲ႔ တြဲဘက္ လုပ္ေဆာင္ေနတာျဖစ္ေၾကာင္း ကုလအတြင္းေရးမႈးခ်ဳပ္႐ုံး ေျပာခြင့္ရ Stephane Dujarric က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
.
ဒီသေဘာတူညီခ်က္အတြက္ ကုလသမဂၢနဲ႔အတူ ၾကားဝင္ေဆာင္႐ြက္ေပးေနတဲ့ တူရကီႏိုင္ငံက သမၼတ Recep Tayyip Erdogan ကလည္း ဒီသေဘာတူညီခ်က္ကို သက္တမ္းတိုးခဲ့ေၾကာင္း အတည္ျပဳပါတယ္။ ဒါေပမယ့္ သက္တမ္းတိုးတဲ့ ရက္ အတိအက်ကိုေတာ့ မေျပာပါဘူး။ ယူကရိန္း အေျခခံအေဆာက္အအုံဆိုင္ရာဝန္ႀကီးကေတာ့ သက္တမ္းတိုးကာလဟာ ရက္ေပါင္း ၁၂၀ ျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီသေဘာတူညီခ်က္ကို ဇူလိုင္လ ၂၂ ရက္မွာ လက္မွတ္ေရးထိုးခဲ့ခ်ိန္ကစၿပီး ပင္လယ္နက္ ထဲက ဆိပ္ကမ္း ၃ ခုကေန ယူကရိန္းရဲ႕ ေကာက္ပဲသီးႏွံ မက္ထရစ္တန္ခ်ိန္ေပါင္း ၂၅ သန္းကို ကမာၻတလႊားကို တင္ပို႔ႏိုင္ခဲ့တာျဖစ္ပါတယ္

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

ယူကရိန်းကောက်နှံတင်ပို့မှု သဘောတူညီချက် သက်တမ်းတိုးနိုင်ပြီ

ယူကရိန်းက ကောက်ပဲသီးနှံတွေကို ပင်လယ်နက်ဆိပ်ကမ်းတွေကနေတဆင့် တင်ပို့ခွင့် သဘောတူညီချက်ကို သက်တမ်းထပ်တိုးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂကအတည်ပြုပါတယ်။ ဒါပေမဲ့ သက်တမ်းကာလ ဘယ်လောက်ထပ်တိုးတယ်ဆိုတာတော့ မပြောပါဘူး။ ဒီသဘောတူညီချက်သက်တမ်းကာလဟာ စနေနေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ရထားတဲ့သဘောတူညီချက်စာချုပ်အရ သက်တမ်းတိုးကာလဟာ နောက်ထပ်ရက်ပေါင်း ၁၂၀ ဖြစ်ဖို့ရှိပါတယ်။ ဒါပေမယ့် ရုရှားဘက်က ရက်ပေါင်း ၆၀ ပဲတိုးမှာဖြစ်ကြောင်း ပြောဆိုနေတာပါ။ ရုရှားနိုင်ငံခြားရေးဌာနပြောခွင့်ရ Maria Zakharova ကတော့ ဒီသဘောတူညီချက်အတွက် ရက် ၆၀ ပဲ သက်တမ်းတိုးမှာဖြစ်ကြောင်း TASS သတင်းဌာနကို စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံတင်ပို့ရေး အစီအစဉ်ဟာ ကမ္ဘာတလွှား အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ စားနပ်ရိက္ခာမလုံလောက်မှုကို ဖြည့်တင်းနိုင်ဖို့၊ ရုရှားရဲ့စားသောက်ကုန်တွေနဲ့ ဓါတ်မြေသြဇာတွေ ကမ္ဘာ့ဈေးကွက်ထဲရောက်ရေး နားလည်မှုစာချွန်လွှာ MoU နဲ့ တွဲဘက် လုပ်ဆောင်နေတာဖြစ်ကြောင်း ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
.
ဒီသဘောတူညီချက်အတွက် ကုလသမဂ္ဂနဲ့အတူ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ တူရကီနိုင်ငံက သမ္မတ Recep Tayyip Erdogan ကလည်း ဒီသဘောတူညီချက်ကို သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုပါတယ်။ ဒါပေမယ့် သက်တမ်းတိုးတဲ့ ရက် အတိအကျကိုတော့ မပြောပါဘူး။ ယူကရိန်း အခြေခံအဆောက်အအုံဆိုင်ရာဝန်ကြီးကတော့ သက်တမ်းတိုးကာလဟာ ရက်ပေါင်း ၁၂၀ ဖြစ်ကြောင်း ပြောပါတယ်။

ဒီသဘောတူညီချက်ကို ဇူလိုင်လ ၂၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့ချိန်ကစပြီး ပင်လယ်နက် ထဲက ဆိပ်ကမ်း ၃ ခုကနေ ယူကရိန်းရဲ့ ကောက်ပဲသီးနှံ မက်ထရစ်တန်ချိန်ပေါင်း ၂၅ သန်းကို ကမ္ဘာတလွှားကို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG