သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်ယ္လ္ဆီးအသင္းပိုင္ရွင္နဲ႔ ႐ုရွားသူေ႒းအမ်ားအျပား ၿဗိတိန္ ဒဏ္ခတ္အေရးယူ 


အဂၤလန္ပရီမီယာလိဂ္က ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ Roman Abramovich (ေမ ၁၆၊ ၂၀၂၁)

[[Zawgyi/Unicode]]

အဂၤလန္ပရီမီယာလိဂ္က ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ Roman Abramovich နဲ႔ စက္မႈလုပ္ငန္းရွင္ Oleg Deripaska အပါအဝင္ ရုရွားႏုိင္ငံက နာမည္ႀကီး ဘီလ်ံနာသူေ႒း အမ်ားအျပားကို ဒဏ္ခတ္ပိတ္ဆုိ႔တဲ့စာရင္းမွာ ထည့္သြင္းလိုက္တယ္လို႔ ၿဗိတိန္အစိုးရက ေျပာလုိက္ပါတယ္။

အဲဒီ အေရးယူပိတ္ဆုိ႔လိုက္တဲ့ စာရင္းအသစ္ထဲမွာ Rosneft စြမ္းအင္ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ Igor Sechin ၊ VTB ဘဏ္ဥကၠ႒ Andrei Kostin နဲ႔ Gasprom စြမ္းအင္ ကုမၸဏီအႀကီးအကဲ Aleksei Miller၊၊ Transeft ပိုက္လိုင္းကုမၸဏီပိုင္ရွင္ Nikolai Tokarev နဲ႔ Rossia ဘဏ္ဥကၠ႒ Dmitry Lebedev တုိ႔ ပါဝင္တယ္လို႔ ၿဗိတိန္အစိုးရက ဒီေန႔ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားတာပါ။

႐ုရွားကယူကရိန္းကို က်ဴးေက်ာ္တုိက္ခုိက္ခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ ၿဗိတိန္အစိုးရဘက္ က အခုလို အေရးယူပိတ္ဆုိ႔လိုက္တာ ျဖစ္ၿပီး အခုလို အေရးယူလိုက္တဲ့အတြက္ ဒီစာရင္းမွာပါတဲ့သူေတြရဲ႕ ၿဗိတိန္ႏုိင္ငံမွာရွိတဲ့ ပိုင္ဆုိင္မႈေတြကို ၿဗိတိန္အစိုးရက ထိန္းခ်ဳပ္လိုက္ၿပီး ဒီလူေတြကိုလည္း ၿဗိတိိန္ႏုိင္ငံကို ခရီးသြားလာခြင့္ေတြ တားျမစ္လိုက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီလူေတြ အေနနဲ႔ ၿဗိတိန္ႏုိင္ငံက လူပုဂၢိဳလ္ေတြ စီးပြားေရးလုပ္ငန္းေတြနဲ႔ ေငြေၾကးလဲႊေျပာင္းမႈေတြလည္း လုပ္လို႔မရေအာင္ တားျမစ္လိုက္တာျဖစ္ပါတယ္။

အခုလို ဒဏ္ခတ္အေရးယူမႈေတြ လုပ္ေဆာင္လိုက္တာဟာ ၿဗိတိန္အစိုးရအေနနဲ႔ ယူကရိန္းျပည္သူေတြကို အျပည့္အ၀ေထာက္ခံတယ္ဆုိတာကို ျပသတဲ့အေနနဲ႔ လုပ္ေဆာင္လိုက္တဲ့ ေနာက္ဆုံးေျခလွမ္းတရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

အဲဒီလူေတြထဲက Deripaska ကေတာ့ စစ္ပဲြကို အဆုံးသတ္ဖို႔ ၿပီးခဲ့တဲ့ မတ္လ ၇ ရက္ေန႔က ေတာင္းဆုိခဲ့ၿပီး ခ်ယ္လ္ဆီး အသင္းပိုင္ရွင္ ရုိမန္အက္ဘရာမိုဗစ္ခ်္ကေတာ့ အခုလအေစာပိုင္းကတည္းက ခ်ယ္လ္ဆီးအသင္းကိုေရာင္းမယ္လို႔ ေျပာခဲ့သလို ရတဲ့ေငြေတြကို ယူကရိန္းစစ္ပဲြမွာ ထိခုိက္သြားတဲ့သူေတြကို လွဴဖို႔ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


ချယ်လ်ဆီးအသင်းပိုင်ရှင်နဲ့ ရုရှားသူဋ္ဌေးအများအပြား ဗြိတိန် ဒဏ်ခတ်အရေးယူ

အင်္ဂလန်ပရီမီယာလိဂ်က ချယ်လ်ဆီးအသင်းပိုင်ရှင် Roman Abramovich နဲ့ စက်မှုလုပ်ငန်းရှင် Oleg Deripaska အပါအဝင် ရုရှားနိုင်ငံက နာမည်ကြီး ဘီလျံနာသူဋ္ဌေး အများအပြားကို ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ ဗြိတိန်အစိုးရက ပြောလိုက်ပါတယ်။

အဲဒီ အရေးယူပိတ်ဆို့လိုက်တဲ့ စာရင်းအသစ်ထဲမှာ Rosneft စွမ်းအင်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Igor Sechin ၊ VTB ဘဏ်ဥက္ကဋ္ဌ Andrei Kostin နဲ့ Gasprom စွမ်းအင် ကုမ္ပဏီအကြီးအကဲ Aleksei Miller၊၊ Transeft ပိုက်လိုင်းကုမ္ပဏီပိုင်ရှင် Nikolai Tokarev နဲ့ Rossia ဘဏ်ဥက္ကဋ္ဌ Dmitry Lebedev တို့ ပါဝင်တယ်လို့ ဗြိတိန်အစိုးရက ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားတာပါ။

ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်အစိုးရဘက် က အခုလို အရေးယူပိတ်ဆို့လိုက်တာ ဖြစ်ပြီး အခုလို အရေးယူလိုက်တဲ့အတွက် ဒီစာရင်းမှာပါတဲ့သူတွေရဲ့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ဗြိတိန်အစိုးရက ထိန်းချုပ်လိုက်ပြီး ဒီလူတွေကိုလည်း ဗြိတိန်နိုင်ငံကို ခရီးသွားလာခွင့်တွေ တားမြစ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေ အနေနဲ့ ဗြိတိန်နိုင်ငံက လူပုဂ္ဂိုလ်တွေ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးလွဲှပြောင်းမှုတွေလည်း လုပ်လို့မရအောင် တားမြစ်လိုက်တာဖြစ်ပါတယ်။

အခုလို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်လိုက်တာဟာ ဗြိတိန်အစိုးရအနေနဲ့ ယူကရိန်းပြည်သူတွေကို အပြည့်အဝထောက်ခံတယ်ဆိုတာကို ပြသတဲ့အနေနဲ့ လုပ်ဆောင်လိုက်တဲ့ နောက်ဆုံးခြေလှမ်းတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလူတွေထဲက Deripaska ကတော့ စစ်ပွဲကို အဆုံးသတ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က တောင်းဆိုခဲ့ပြီး ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန်အက်ဘရာမိုဗစ်ချ်ကတော့ အခုလအစောပိုင်းကတည်းက ချယ်လ်ဆီးအသင်းကိုရောင်းမယ်လို့ ပြောခဲ့သလို ရတဲ့ငွေတွေကို ယူကရိန်းစစ်ပွဲမှာ ထိခိုက်သွားတဲ့သူတွေကို လှူဖို့ကတိပြုထားပါတယ်။

==============

XS
SM
MD
LG