သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအစိုးရ ဝက္ဘ္ဆိုက္ တိုက္ခိုက္ခံရမႈ ႐ုရွားကို ျပစ္တင္


ကိယက္ဗ္ၿမိဳ႕ရွိ ယူကရိန္း ႏုိင္ငံျခားေရးဝန္ႀကီး႐ုံး အေဆာက္အဦ။ (မတ္ ၂၆၊ ၂၀၁၈)

(Zawgyi / Unicode)

ယူကရိန္းအစိုးရရဲ႕ ဝက္ဘ္ဆိုက္ေတြ ေႏွာင့္ယွက္ တိုက္ခုိက္ခံရမႈအတြက္ ယူကရိန္းက ႐ုရွားကို တနဂၤေႏြေန႔မွာ အျပစ္တင္ ေျပာဆိုလုိက္ပါတယ္။ ဒါဟာ တခ်ိန္က ဆိုဗီယက္သမၼတ ႏုိင္ငံေဟာင္း အေပၚကို ႐ုရွားအစိုးရရဲ႕ Hybrid War စစ္ေရးဗ်ဴဟာနဲ႔ တိုက္ခုိက္မႈ တစိတ္တပိုင္း ျဖစ္တယ္လို႔ ေျပာဆို ႐ႈတ္ခ်တာ ျဖစ္ပါတယ္။

“သုံးေလးႏွစ္အတြင္း အႀကီးမားဆုံး ဆုိက္ဘာတုိက္ခုိက္ခံရမႈ တခုကို ႀကံဳေတြ႔ေနရပါတယ္။ ဝန္ႀကီးဌာန ၁၇ ခုေလာက္ ထိခုိက္ၿပီး သူတုိ႔ရဲ႕ ဝက္ဘ္ဆုိက္ေတြ ဖ်က္ဆီးခံရတဲ့ တုိက္ခုိက္ခံရမႈႀကီး ျဖစ္ပါတယ္။” လ္ို႔ ႏုိင္ငံရဲ႕ အထူးဆက္သြယ္ေရးစင္တာ ဒုတိယအႀကီးအကဲ Viktor Zhora ေျပာခဲ့တာပါ။

ယူကရိန္းရဲ႕ အေရွ႕ပိုင္း နယ္စပ္တေလွ်ာက္မွာ ႐ုရွားဘက္က တပ္ဖြဲ႔ဝင္ ၁၀၀,၀၀၀ ခ်ထားတာနဲ႔ အတူပဲ ဆိုက္ဘာတိုက္ခုိက္မႈကို ႐ုရွားက ႀကိဳးကိုင္ ေဆာင္ရြက္ေနတယ္ ဆုိတာကို အေထာက္အထားေတြက ျပသေနေၾကာင္း ယူကရိန္း တာဝန္ရွိသူေတြက ေျပာပါတယ္။

အင္တာနက္ကေန ေဖာက္ထြင္း တိုက္ခိုက္ေၾကာင္း ယူကရိန္းရဲ႕ စြပ္စြဲခ်က္ကိုေတာ့ ႐ုရွားဘက္က အႀကိမ္ႀကိမ္ ျငင္းဆန္ထားပါတယ္။ ယူကရိန္းရဲ႕ ခ႐ုိင္းမီးယား ကၽြန္းဆြယ္ကို ႐ုရွားက က်ဴးေက်ာ္သိမ္းပိုက္ၿပီးေနာက္ ၈ ႏွစ္အၾကာမွာ ႐ုရွားဘက္က က်ဴးေက်ာ္တိုက္ခုိက္မႈ ၿခိမ္းေျခာက္မႈေတြ ရွိေနခ်ိန္မွာပဲ ဆိုက္ဘာတိုက္ခုိက္မႈ ခံရတာ ျဖစ္ပါတယ္။

ယူကရိန္းအေရး တင္းမာမႈ ေျဖရွင္းေရး သံတမန္ေရး ေဆြးေႏြးမႈေတြကလည္း ေရွ႕မတိုး ေနာက္မဆုတ္သာ အေျခအေနမွာ ရွိေနတဲ့ အေနအထား ျဖစ္ပါတယ္။

ယူကရိန္းနယ္စပ္မွာ ႐ုရွားဘက္ကတပ္ေတြ ခ်ထားမႈကို သံတမန္ေရးအရ ထပ္ၿပီး ေဆြးေႏြးဖို႔ အေမရိကန္ဘက္က အဆင္သင့္ရွိေနေၾကာင္း၊ ဒါေပမယ့္လည္း ႐ုရွားသမၼတ Vladimir Putin က ယူကရိန္းကို က်ဴးေက်ာ္ခဲ့ရင္ေတာ့ ျပင္းထန္တဲ့ စီးပြားေရးအရ ဒဏ္ခတ္ပိတ္ဆို႔မႈနဲ႔ တုံ႔ျပန္မယ့္အေၾကာင္း အေမရိကန္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပး Jake Sullivan က CBS ႐ုပ္သံရဲ႕ Face the Nation အစီအစဥ္မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ယူကရိန်းအစိုးရ ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှု ရုရှားကို ပြစ်တင်

ယူကရိန်းအစိုးရရဲ့ ဝက်ဘ်ဆိုက်တွေ နှောင့်ယှက် တိုက်ခိုက်ခံရမှုအတွက် ယူကရိန်းက ရုရှားကို တနင်္ဂနွေနေ့မှာ အပြစ်တင် ပြောဆိုလိုက်ပါတယ်။ ဒါဟာ တချိန်က ဆိုဗီယက်သမ္မတ နိုင်ငံဟောင်း အပေါ်ကို ရုရှားအစိုးရရဲ့ Hybrid War စစ်ရေးဗျူဟာနဲ့ တိုက်ခိုက်မှု တစိတ်တပိုင်း ဖြစ်တယ်လို့ ပြောဆို ရှုတ်ချတာ ဖြစ်ပါတယ်။

“သုံးလေးနှစ်အတွင်း အကြီးမားဆုံး ဆိုက်ဘာတိုက်ခိုက်ခံရမှု တခုကို ကြုံတွေ့နေရပါတယ်။ ဝန်ကြီးဌာန ၁၇ ခုလောက် ထိခိုက်ပြီး သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေ ဖျက်ဆီးခံရတဲ့ တိုက်ခိုက်ခံရမှုကြီး ဖြစ်ပါတယ်။” လို့ နိုင်ငံရဲ့ အထူးဆက်သွယ်ရေးစင်တာ ဒုတိယအကြီးအကဲ Viktor Zhora ပြောခဲ့တာပါ။

ယူကရိန်းရဲ့ အရှေ့ပိုင်း နယ်စပ်တလျှောက်မှာ ရုရှားဘက်က တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ချထားတာနဲ့ အတူပဲ ဆိုက်ဘာတိုက်ခိုက်မှုကို ရုရှားက ကြိုးကိုင် ဆောင်ရွက်နေတယ် ဆိုတာကို အထောက်အထားတွေက ပြသနေကြောင်း ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်တာနက်ကနေ ဖောက်ထွင်း တိုက်ခိုက်ကြောင်း ယူကရိန်းရဲ့ စွပ်စွဲချက်ကိုတော့ ရုရှားဘက်က အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။ ယူကရိန်းရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက ကျူးကျော်သိမ်းပိုက်ပြီးနောက် ၈ နှစ်အကြာမှာ ရုရှားဘက်က ကျူးကျော်တိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာပဲ ဆိုက်ဘာတိုက်ခိုက်မှု ခံရတာ ဖြစ်ပါတယ်။

ယူကရိန်းအရေး တင်းမာမှု ဖြေရှင်းရေး သံတမန်ရေး ဆွေးနွေးမှုတွေကလည်း ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမှာ ရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားဘက်ကတပ်တွေ ချထားမှုကို သံတမန်ရေးအရ ထပ်ပြီး ဆွေးနွေးဖို့ အမေရိကန်ဘက်က အဆင်သင့်ရှိနေကြောင်း၊ ဒါပေမယ့်လည်း ရုရှားသမ္မတ Vladimir Putin က ယူကရိန်းကို ကျူးကျော်ခဲ့ရင်တော့ ပြင်းထန်တဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ တုံ့ပြန်မယ့်အကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က CBS ရုပ်သံရဲ့ Face the Nation အစီအစဉ်မှာ ပြောပါတယ်။

XS
SM
MD
LG