သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရန်ကာကွယ်ဖို့ ယူကရိန်းမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်


ယူကရိန်းရေတပ်ဘက်မှ ထောက်ခံသူများ Kiev မြို့ လွှတ်တော်ရှေ့တွင်ဆန္ဒပြနေပုံ၊ နိုဝင်ဘာ ၂၆၊ ၂၀၁၈။
ယူကရိန်းရေတပ်ဘက်မှ ထောက်ခံသူများ Kiev မြို့ လွှတ်တော်ရှေ့တွင်ဆန္ဒပြနေပုံ၊ နိုဝင်ဘာ ၂၆၊ ၂၀၁၈။

ပင်လယ်နက်အတွင်း ယူကရိန်းရေတပ်သင်္ဘော ၃ စင်းနဲ့အတူ ဝန်ထမ်းတွေ အားလုံးကို ရုရှားတို့ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံအတွင်းက ဒေသတချို့မှာ မာရှယ်လော - ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ သမ္မတ Petro Poroshenko ရဲ့ အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်းအကြား ၂၀၁၄ ခုနှစ်မှာ ပဋိပက္ခတွေဖြစ်သွားခဲ့ပြီးတဲ့ နောက်ပိုင်း အခုလို ညမထွက်ရအမိန့်ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အခုလို မာရှယ်လော ထုတ်ပြန်လိုက်ခြင်းအားဖြင့် နိုင်ငံတကာဥပဒေအရ ရုရှားတို့က သွေးအေးစွာနဲ့ အရှိန်မြင့် ကျူးကျော် ရန်စလာတဲ့ လုပ်ရပ်ကို ကာကွယ်ဖို့ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစံနစ်ကို ပိုမို အားကောင်းလာစေတယ်လို့ သမ္မတ Poroshenko က ပြောပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံအနေနဲ့ နိုင်ငံတကာက လိုက်နာရမယ့် တာဝန် ဝတ္တရားအတိုင်း လိုက်နာ ဆောင်ရွက်သွားမယ်လို့လည်း သမ္မတ Poroshenko က ပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ မာရှယ်လော ဥပဒေဟာ ရက်ပေါင်း ၃၀ ကြာမြင့်မှာဖြစ်တာကြောင့် ဒီဇင်ဘာလအတွင်း ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲအတွက် အတိုက်အခံတွေရဲ့ တောင်းဆိုချက်ကို သမ္မတ Poroshenko က တနည်းအားဖြင့် လိုက်လျောပေးလိုက်တာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းတုန်းကတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ရုရှားတို့ရဲ့ လုပ်ရပ်ဟာ ယူကရိန်းနိုင်ငံရဲ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ပြောင်ချိုးဖောက်လိုက်ရာရောက်ကြောင်း ယူကရိန်းရေတပ်သင်္ဘော ၃ စင်းကို ရုရှားတို့က ပင်လယ်နက်အတွင်း ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG