သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဖမ်းထားတဲ့ စစ်သည်နဲ့ သင်္ဘောတွေ ပြန်လွှတ်ဖို့ ယူကရိန်း တောင်းဆို


ပင်လယ်နက်ထဲမှာ ယူကရိန်းရေတပ်သင်္ဘော ၂ စီးကို ရုရှားဖက်က ပစ်ခတ်ခဲ့သလို ဆွဲသင်္ဘော ၁ စီးကို ဝင်တိုက်ခဲ့ပြီးနောက် ဒီသင်္ဘောတွေဟာ ရုရှားရေပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။

ရေတပ်သား ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့လုပ်ရပ်ဟာ ရုရှားရဲ့ စစ်ရေးရန်လိုမှုဖြစ်ပြီး သူတို့ဖက်က ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုလုပ်တာဟာ ပင်လယ်နက်ဒေသနဲ့ဆက်နေတဲ့ နိုင်ငံအားလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ယူကရိန်းနိုင်ငံခြားရေးဌာက ပြောပါတယ်။

ရုရှားဖက်က ယူကရိန်းဟာ တမင်ရန်စတဲ့လုပ်ရပ်ကိုလုပ်တယ်လို့ စွပ်စွဲပါတယ်။ ယူကရိန်းစစ်သင်္ဘောတွေ အတင်းဝင်လာတာကို တားဆီးဖို့ လက်နက်ကို အသုံးပြုခဲ့ရတယ်လို့ ရုရှားလုံခြုံရေးဌာနကဆိုပါတယ်။

ယူကရိန်းတောင်ပိုင်းမှာရှိတဲ့ Odessa ဆိပ်ကမ်းကနေ ဆွဲသင်္ဘောတစီးနဲ့ ရေတပ်သင်္ဘော ၂ စီး Kerch ရေလက်ကြားကို ဖြတ်သွားစဉ် ရုရှားဖက်က ပစ်ခတ်တာလို့ ယူကရိန်းဖက်က ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှား ၂ နိုင်ငံလုံး အသုံးပြုဖို့ သဘောတူထားတဲ့ Kerch ရေလက်ကြားကို မသွားနိုင်ဖို့ ရုရှားက ရေနံတင်သင်္ဘောတစီးနဲ့ ပိတ်ဆို့တားဆီးခဲ့တယ်လို့ ယူကရိန်းဖက်က ပြောပါတယ်။ ရုရှားဖက်ကတော့ ယူကရိန်း သင်္ဘော ၃ စီးရေလက်ကြားထဲမှာ သွားမယ့်ကိစ္စ သူတို့ကို အကြောင်းမကြားသလို သူတို့ရေပိုင်နက်ထဲကို ဝင်လာတယ်လို့ စွပ်စွဲပါတယ်။ ယူကရိန်းကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG