သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းမွာ စစ္ေလယာဥ္ပ်က္က်လုိ႔ ၂၆ ဦးေသ


ပ်က္က်ၿပီး မီးေလာင္ေပါက္ကြဲေနတဲ့ ယူကရိန္းစစ္ေလယာဥ္။ (စက္တင္ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ယူကရိန္းႏုိင္ငံမွာ လူေပါင္း ၂၆ ဦး ေသဆံုးခဲ့ရတဲ့ စစ္ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းရင္းကို သိေအာင္ သမာသမတ္က်တဲ့ စံုစမ္းစစ္ေဆးမႈ ခ်က္ခ်င္းလုပ္ေဆာင္္ဖို႔ သမၼတ Volodymyr Zelenskiy က စေနေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ေလတပ္သင္တန္းသားေတြ လိုက္ပါလာတဲ့ စစ္တပ္သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ဟာ ယူကရိန္းအေရွ႕ေျမာက္ပိုင္း အေဝးေျပးလမ္းမႀကီးနားမွာ ေသာၾကာေန႔ညေနက ပ်က္က်ခဲ့ၿပီး မီးေလာင္ေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။

ေလယာဥ္ေပၚမွာ သင္တန္းသား ၂၀ နဲ႔ ေလယာဥ္အမႈထမ္း ၇ ဦး လိုက္ပါလာတာ ျဖစ္ၿပီး သင္တန္းသားတဦးသာ အသက္ရွင္က်န္ရစ္တယ္လို႔ ယူကရိန္းႏိုင္ငံ အေရးေပၚဝန္ေဆာင္မႈဌာနက ေျပာပါတယ္။

သမၼတ Zelenskiy ကေတာ့ ယူကရိန္းဟာ အဖိုးတန္သား ၂၆ ေယာက္ ဆုံး႐ႈံးခဲ့တာျဖစ္ၿပီး ဒီေလယာဥ္ ဘာေၾကာင့္ပ်က္က်ရတယ္ဆိုတာ သိေအာင္ ခ်က္ခ်င္းလုပ္ဖို႔နဲ႔ ဒီစံုစမ္းစစ္ေဆးမႈဟာ မ်က္ႏွာမလိုက္ဘဲ သမာသမတ္က်က်ရွိဖို႔ သူ႔ေဖ့စ္ဘြတ္ကေန ေျပာၾကားခဲ့သလို စေနေန႔ကိုလည္း ေအာက္ေမ့ဘြယ္ေန႔အျဖစ္ ေၾကညာခဲ့ပါတယ္။

An-26 Antonov ေလယာဥ္ဟာ ေလ့က်င့္မႈလုပ္ေနတာျဖစ္ၿပီး ေျမေပၚဆင္းသက္ဖုိ႔ လုပ္ခ်ိန္မွာ ပ်က္က်ခဲ့တာလို႔ ယူကရိန္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဒါ့အျပင္ ဒီေလယာဥ္ရဲ႕ ပ်ံသန္းမႈဆိုင္ရာ အခ်က္အလက္ေတြကို မွတ္တမ္းတင္တဲ့ Black Box ေတြလည္း ရထားၿပီလို႔ ေျပာပါတယ္။

ယူကရိန္းအာဏာပိုင္ေတြကေတာ့ ေလယာဥ္ပ်က္က်ဖို႔ ျဖစ္ႏိုင္တဲ့ အခ်က္ ၄ ခ်က္အတြက္ စံုစမ္းမယ္လို႔ ေျပာပါတယ္။ ေလယာဥ္စက္ခ်ိဳ႕ယြင္းမႈ ရွိမရွိ၊ ဝန္ထမ္းေတြရဲ႕ အမွားအယြင္း ရွိမရွိ၊ ေလေၾကာင္းထိန္းသိမ္းကြပ္ကဲမႈမွာ လိုအပ္ခ်က္ ရွိမရွိနဲ႔ ေလယာဥ္အတြက္ ျပဳျပင္ထိန္းသိမ္းေရး ေကာင္းေကာင္းလုပ္မလုပ္ စတာေတြကို စံုစမ္းမွာ ျဖစ္ပါတယ္။

ဒီ အင္ဂ်င္ ၂ လံုးတပ္ ေလယာဥ္မွာ ဘယ္ဘက္ကအင္ဂ်င္ ခ်ဳိ႕ယြင္းမႈရွိလာတဲ့ အတြက္ ျပန္ဆင္းသက္ဖို႔ အဖြဲ႔ေခါင္းေဆာင္က အမိန္႔ေပးခဲ့ၿပီး ငါးမိနစ္အၾကာမွာ ေလယာဥ္ပ်က္က်တာျဖစ္ေၾကာင္း လံုၿခံဳေရးဆိုင္ရာ တာဝန္ခံေတြက ေျပာပါတယ္။

ကနဦး စစ္ေဆးခ်က္အရ ေလယာဥ္ကို သင္တန္းသားေတြက တိုက္႐ုိက္ထိန္းခ်ဳပ္တာ မဟုတ္ဘဲ အဖြဲ႔ေခါင္းေဆာင္ရဲ႕ ညႊန္ၾကားခ်က္နဲ႔သာ ေလယာဥ္ေတြ ပ်ံသန္းခြင့္ရွိေၾကာင္းလည္း ေျပာပါတယ္။ ေလယာဥ္ဟာ စစ္တပ္ ေလယာဥ္ကြင္းကေန တမိုင္ေက်ာ္အကြာမွာ ပ်က္က်တာ ျဖစ္ပါတယ္။

ယူကရိန္းမွာ စစ္ေလယာဥ္ပ်က္က်လုိ႔ ၂၆ ဦးေသ
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ယူကရိန်းမှာ စစ်လေယာဉ်ပျက်ကျလို့ ၂၆ ဦးသေ

ယူကရိန်းနိုင်ငံမှာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရတဲ့ စစ်လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိအောင် သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှု ချက်ချင်းလုပ်ဆောင်ဖို့ သမ္မတ Volodymyr Zelenskiy က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

လေတပ်သင်တန်းသားတွေ လိုက်ပါလာတဲ့ စစ်တပ်သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ယူကရိန်းအရှေ့မြောက်ပိုင်း အဝေးပြေးလမ်းမကြီးနားမှာ သောကြာနေ့ညနေက ပျက်ကျခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ သင်တန်းသား ၂၀ နဲ့ လေယာဉ်အမှုထမ်း ၇ ဦး လိုက်ပါလာတာ ဖြစ်ပြီး သင်တန်းသားတဦးသာ အသက်ရှင်ကျန်ရစ်တယ်လို့ ယူကရိန်းနိုင်ငံ အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောပါတယ်။

သမ္မတ Zelenskiy ကတော့ ယူကရိန်းဟာ အဖိုးတန်သား ၂၆ ယောက် ဆုံးရှုံးခဲ့တာဖြစ်ပြီး ဒီလေယာဉ် ဘာကြောင့်ပျက်ကျရတယ်ဆိုတာ သိအောင် ချက်ချင်းလုပ်ဖို့နဲ့ ဒီစုံစမ်းစစ်ဆေးမှုဟာ မျက်နှာမလိုက်ဘဲ သမာသမတ်ကျကျရှိဖို့ သူ့ဖေ့စ်ဘွတ်ကနေ ပြောကြားခဲ့သလို စနေနေ့ကိုလည်း အောက်မေ့ဘွယ်နေ့အဖြစ် ကြေညာခဲ့ပါတယ်။

An-26 Antonov လေယာဉ်ဟာ လေ့ကျင့်မှုလုပ်နေတာဖြစ်ပြီး မြေပေါ်ဆင်းသက်ဖို့ လုပ်ချိန်မှာ ပျက်ကျခဲ့တာလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် ဒီလေယာဉ်ရဲ့ ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင်တဲ့ Black Box တွေလည်း ရထားပြီလို့ ပြောပါတယ်။

ယူကရိန်းအာဏာပိုင်တွေကတော့ လေယာဉ်ပျက်ကျဖို့ ဖြစ်နိုင်တဲ့ အချက် ၄ ချက်အတွက် စုံစမ်းမယ်လို့ ပြောပါတယ်။ လေယာဉ်စက်ချို့ယွင်းမှု ရှိမရှိ၊ ဝန်ထမ်းတွေရဲ့ အမှားအယွင်း ရှိမရှိ၊ လေကြောင်းထိန်းသိမ်းကွပ်ကဲမှုမှာ လိုအပ်ချက် ရှိမရှိနဲ့ လေယာဉ်အတွက် ပြုပြင်ထိန်းသိမ်းရေး ကောင်းကောင်းလုပ်မလုပ် စတာတွေကို စုံစမ်းမှာ ဖြစ်ပါတယ်။

ဒီ အင်ဂျင် ၂ လုံးတပ် လေယာဉ်မှာ ဘယ်ဘက်ကအင်ဂျင် ချို့ယွင်းမှုရှိလာတဲ့ အတွက် ပြန်ဆင်းသက်ဖို့ အဖွဲ့ခေါင်းဆောင်က အမိန့်ပေးခဲ့ပြီး ငါးမိနစ်အကြာမှာ လေယာဉ်ပျက်ကျတာဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ တာဝန်ခံတွေက ပြောပါတယ်။

ကနဦး စစ်ဆေးချက်အရ လေယာဉ်ကို သင်တန်းသားတွေက တိုက်ရိုက်ထိန်းချုပ်တာ မဟုတ်ဘဲ အဖွဲ့ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့သာ လေယာဉ်တွေ ပျံသန်းခွင့်ရှိကြောင်းလည်း ပြောပါတယ်။ လေယာဉ်ဟာ စစ်တပ် လေယာဉ်ကွင်းကနေ တမိုင်ကျော်အကွာမှာ ပျက်ကျတာ ဖြစ်ပါတယ်။

XS
SM
MD
LG