သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ယူကရိန်းသမ္မတ ကတိပြု


ယူကရိန်းသမ္မတ Volodymyr Zelenskyy
ယူကရိန်းသမ္မတ Volodymyr Zelenskyy

ယူကရိန်းနိုင်ငံအနေနဲ့ သူ့နိုင်ငံအတွက် ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေကို အတတ်နိုင်ဆုံး အများဆုံးထုတ်လုပ်သွားမယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောကြားလိုက်ပါတယ်။ ရုရှားကျူးကျော်စစ်ကို ခုခံ တိုက်ခိုက်နေတဲ့ ယူကရိန်းကို စစ်ရေးဆိုင်ရာ အကူအညီပေးရေး အမေရိကန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ခင်မှာ သမ္မတ Zelenskyy ပြောလိုက်တာပါ။

“တခြားအကြောင်းအရာတွေ အပါအဝင် ယူကရိန်းမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုက အနိုင်ရနေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလိုမှမဟုတ်ရင် ရုရှားရဲ့ ကျူးကျော် ရန်လိုမှုတွေက တကမ္ဘာလုံးကို ပြန့်နှံ့နေပါလိမ့်မယ်။ စစ်ပွဲအခြေအနေတွေ၊ ကျနော်တို့တပ်ဖွဲ့တွေရဲ့ အဓိက လိုအပ်ချက်တွေနဲ့ပတ်သက်လို့ အထက်လွှတ်တော်အမတ် Graham ကို ကျနော် အသိပေးခဲ့ပါတယ်။ လိုတာတွေကတော့ သိပြီးကြတဲ့အတိုင်း ဒုံးကျည်တွေ၊ F-16 တိုက်လေယာဉ်နဲ့ တခြား အမြှောက်ကျည်တွေ ဖြစ်ပါတယ်” - လို့ သမ္မတ Zelenskyy က ပြောသွားတာပါ။

အမေရိကန်မှာ နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေတာကြောင့် ယူကရိန်းကို အကူအညီပေးရေး ကြန့်ကြာနေချိန် အလည်အပတ် ရောက်လာတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham နဲ့ တွေ့ဆုံအပြီး သမ္မတ Zelenskyy က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ အသုံးစရိတ်ထဲမှာ ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၆၀ အကူအညီပေးရေး သမ္မတ Joe Biden က အဆိုပြုထားပြီး အဲဒီအဆိုကို သမ္မတရဲ့ ဒီမိုကရက်တစ်ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ကလည်း အတည်ပြုပေးပြီးဖြစ်ပါတယ်။

ရီပတ်ဘလီကန် အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က ဒီကိစ္စကို မဲခွဲဆုံးဖြတ်ဖို့ အောက်လွှတ်တော်မှာ တင်သွင်းခြင်း မရှိသေးဘဲ အဲဒီလို လုပ်ဆောင်ဖို့ အမေရိကန် နယ်စပ်လုံခြုံရေးကိစ္စပါ ဒီ ဘတ်ဂျက် အဆိုပြုချက်ထဲမှာ ထည့်သွင်းပေးရမယ်လို့ ပြောထားပါတယ်။

ကာကွယ်ရေးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ယူကရိန်းသမ္မတ ကတိပြု
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG