သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေးမှာ သံတမန်ရေးအခက်ကြုံရတဲ့အိန္ဒိယ


UKRAINE-RUSSIA-CONFLICT
UKRAINE-RUSSIA-CONFLICT

[[Zawgyi/Unicode]]

ရုရှားနိုင်ငံရဲ့မိတ်ဖက်အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ပါဆက်ဆံရေးတိုးတက်နေတဲ့အတွက် ယူကရိန်းအကြပ်အတည်းမှာ သံတမန်ရေးအရ အခက်ခဲဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

ယူကရိန်းကိုကျူးကျော်နေတဲ့ရုရှားရဲ့လုပ်ရပ်အပေါ်ရှုတ်ချဖို့နဲ့ အရေးပေါ် ကုလသမဂ္ဂအထွေထွေညီလာခံ ခေါ်ယူဖို့ ကိစ္စနှစ်ရပ်မှာလည်း အိန္ဒိယက မဲမပေးပဲကြားနေခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့အိန္ဒိယ ဆက်ဆံရေးတင်းမာလာချိန် သူ့ဘက်ကရပ်တည်ပြီး လက်နက်ရောင်းချပေးခဲ့တဲ့ မိတ်ဘက် ရုရှားကို ပစ်ပယ်လိုက်တာမျိုးမဖြစ်ချင်တဲ့အတွက် အိန္ဒိယက ခုလိုအခက်တွေ့နေတာလို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း တရုတ်ကို ရင်ဆိုင်ဖို့ အနောက်မဟာမိတ်တွေ လိုအပ်နေတာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ယူကရိန်းအရေးမှာ ခုလိုကြားနေဖို့ အခက်တွေ့နေရတာလု့ိ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

ရုရှားဆီကလက်နက် ၆၅ ရာခိုင်နှုန်းလောက် ဝယ်ယူနေရပြီးသူ့ကိုအားကိုးနေရတယ်ဆိုပေမယ့် တရုတ်ကိုရင်ဆိုင်ရေး ရေရှည်ကြည့်မယ်ဆိုရင်တော့ အနောက်မဟာမိတ်တွေ လိုအပ်တယ်လို့ နယူးဒေလီမြို့က Observer Research Foundation၊ မဟာဗျူဟာနဲ့ သုတေသနဌာန အကြီးအကဲ Harsh Pant ကပြောပါတယ်။ ရုရှားအရေး ကုလသမဂ္ဂအဖွဲ့ဝင်တွေ တညီတညွှတ်ထဲတုန့်ပြန်ဖို့လိုကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတိုက်တွန်းခဲ့ပေမယ့်အိန္ဒိယက မဲမပေးဘဲ ကြားနေခဲ့တာပါ။

နယူးဒေလီမြို့မှာရှိတဲ့ ရုရှားသံရုံးကတော့ ဒါဟာ အိန္ဒိယရဲ့ လွတ်လပ်မျှတတဲ့ ရပ်တည်ချက်ဖြစ်တယ်ဆိုပြီး ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ တိုင်းပြည်တခုရဲ့အချုပ်အခြာအာဏာကို လေးစားမှုရှိဖို့နဲ့ ရုရှားအနေနဲ့ သံတမန်ရေးစကားဝိုင်းဆီပြန်သွားရုံကလွဲပြီး တခြားရွေးချယ်စရာနည်းလမ်းမရှိဘူးလို့ အိန္ဒိယအစိုးရက သွယ်ဝိုက်စွာ ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






=============

XS
SM
MD
LG