သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းေတာင္ပိုင္း Mariupol ၿမိဳ႕ထိန္းခ်ဳပ္ဖို႔ ႐ုရွားႀကိဳးပမ္း


ယူကရိန္းႏိုင္ငံ့ေတာင္ပိုင္း Mariupol ၿမိဳ႕တြင္း ႐ုရွားေထာက္ခံတဲ့ တပ္ဖြဲ႔ေတြရဲ႕တင့္ကားတစီးနဲ႔ ၿမိဳ႕ျပလက္ရွိအေျခအေန။ (ဧၿပီ ၁၁၊ ၂၀၂၂) 

[[Zawgyi/unicode]]

ယူကရိန္းအေရွ႕ပိုင္း Donetsk ေဒသကို တိုးခ်ဲ႕စစ္ဆင္ဖို႔ ႐ုရွားတပ္ေတြက ျပင္ဆင္ေနတဲ့အခ်ိန္မွာပဲ ေတာင္ပိုင္းက ဆိပ္ကမ္းၿမိဳ႕ Mariupol ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ေအာင္လည္း ႀကိဳးစားေနၾကတယ္လို႔ ယူကရိန္းက အဂၤါေန႔က ေျပာလိုက္ပါတယ္။

႐ုရွားသမၼတပူတင္နဲ႔ မေန႔က ေတြ႔ခဲ့တဲ့ Austrian ဝန္ႀကီးခ်ဳပ္ Karl Nehammer ကလည္း အေကာင္းဘက္ေျပာစရာ သူ႔မွာ မရွိပါဘူးလို႔ဆိုလိုက္ၿပီး ႐ုရွားက ယူကရိန္းအေရွ႕ပိုင္းကို ထိုးစစ္ ႀကီးႀကီးမားမားဆင္ႏႊဲဖို႔ ျပင္ဆင္ေနပါတယ္လို႔ ေျပာပါတယ္။ ယူကရိန္းအေရွ႕ပိုင္းမွာ လာမယ့္ ၂ ပတ္ ၃ ပတ္အတြင္း တိုက္ပြဲေတြ ျပင္းထန္လာလိမ့္မယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

Donetsk ေဒသက ႐ုရွားလိုလားတဲ့ လက္နက္ကိုင္တပ္ဖြဲ႕ဝင္တေယာက္ ေျပာဆိုခ်က္ကို ကိုးကားၿပီး Mariupol ၿမိဳ႕မွာ ႐ုရွားတပ္ေတြဟာ ဓာတုလက္နက္ကို အသုံးျပဳေကာင္း ျပဳခဲ့မယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ေျပာပါတယ္။ အဲဒီလို အတည္မျပဳႏိုင္တဲ့ သတင္းေတြရရွိခဲ့ၿပီး မိတ္ဘက္ေတြနဲ႔ အေသးစိတ္ဆန္းစစ္ေနပါတယ္လို႔ ၿဗိတိန္ ႏိုင္ငံျခားေရး ဝန္ႀကီး Liz Truss က ေျပာပါတယ္။ အဲဒီသတင္းဟုတ္ခဲ့ရင္ အလြန္အမင္း စိုးရိမ္စရာေကာင္းတယ္လို႔ အေမရိကန္ကာကြယ္ေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ John Kirby က ဆိုပါတယ္။

Mariupol ၿမိဳ႕ကို တိုက္ခိုက္ခဲ့တဲ့အတြက္ေၾကာင့္ အရပ္သား ျပည္သူတေသာင္းေက်ာ္ ေသဆုံးခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဝန္ Vadym Boychenko က ေျပာပါတယ္။ ဒီ အခ်ိန္မွာပဲ ဆြီဒင္နဲ႔ ဖင္လန္ႏိုငံေတြကို ေနတိုး အဖြဲ႔မဝင္ၾကဖို႔ ႐ုရွားက သတိေပးလိုက္ပါတယ္။

ယူကရိန္းကို တိုက္ခဲ့တာ ၄၇ ရက္အၾကာမွာ ႐ုရွားက ဒုံးက်ည္ ၁,၅၀၀ ပစ္ခတ္ခဲ့ၿပီး ျဖစ္တယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။ ႐ုရွား က်ဴးေက်ာ္စစ္ေၾကာင့္ ေနအိမ္စြန႔္ခြါ ထြက္ေျပးရသူေပါင္း ၁၁ သန္းေက်ာ္ ရွိေနတယ္ လို႔ ကုလသမဂၢက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[unicode]]

ယူကရိန်းတောင်ပိုင်း Mariupol မြို့ထိန်းချုပ်ဖို့ ရုရှားကြိုးပမ်း

ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသကို တိုးချဲ့စစ်ဆင်ဖို့ ရုရှားတပ်တွေက ပြင်ဆင်နေတဲ့အချိန်မှာပဲ တောင်ပိုင်းက ဆိပ်ကမ်းမြို့ Mariupol မြို့ကို ထိန်းချုပ်နိုင်အောင်လည်း ကြိုးစားနေကြတယ်လို့ ယူကရိန်းက အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ရုရှားသမ္မတပူတင်နဲ့ မနေ့က တွေ့ခဲ့တဲ့ Austrian ဝန်ကြီးချုပ် Karl Nehammer ကလည်း အကောင်းဘက်ပြောစရာ သူ့မှာ မရှိပါဘူးလို့ဆိုလိုက်ပြီး ရုရှားက ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ် ကြီးကြီးမားမားဆင်နွှဲဖို့ ပြင်ဆင်နေပါတယ်လို့ ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ လာမယ့် ၂ ပတ် ၃ ပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Donetsk ဒေသက ရုရှားလိုလားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက် ပြောဆိုချက်ကို ကိုးကားပြီး Mariupol မြို့မှာ ရုရှားတပ်တွေဟာ ဓာတုလက်နက်ကို အသုံးပြုကောင်း ပြုခဲ့မယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ အဲဒီလို အတည်မပြုနိုင်တဲ့ သတင်းတွေရရှိခဲ့ပြီး မိတ်ဘက်တွေနဲ့ အသေးစိတ်ဆန်းစစ်နေပါတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Liz Truss က ပြောပါတယ်။ အဲဒီသတင်းဟုတ်ခဲ့ရင် အလွန်အမင်း စိုးရိမ်စရာကောင်းတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ဆိုပါတယ်။

Mariupol မြို့ကို တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အရပ်သား ပြည်သူတသောင်းကျော် သေဆုံးခဲ့တယ်လို့ မြို့တော်ဝန် Vadym Boychenko က ပြောပါတယ်။ ဒီ အချိန်မှာပဲ ဆွီဒင်နဲ့ ဖင်လန်နိုငံတွေကို နေတိုး အဖွဲ့မဝင်ကြဖို့ ရုရှားက သတိပေးလိုက်ပါတယ်။

ယူကရိန်းကို တိုက်ခဲ့တာ ၄၇ ရက်အကြာမှာ ရုရှားက ဒုံးကျည် ၁,၅၀၀ ပစ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ ရုရှား ကျူးကျော်စစ်ကြောင့် နေအိမ်စွန့်ခွါ ထွက်ပြေးရသူပေါင်း ၁၁ သန်းကျော် ရှိနေတယ် လို့ ကုလသမဂ္ဂက ဆိုပါတယ်။

================

XS
SM
MD
LG