သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတောင်ပိုင်း Mariupol မြို့ထိန်းချုပ်ဖို့ ရုရှားကြိုးပမ်း


ယူကရိန်းနိုင်ငံ့တောင်ပိုင်း Mariupol မြို့တွင်း ရုရှားထောက်ခံတဲ့ တပ်ဖွဲ့တွေရဲ့တင့်ကားတစီးနဲ့ မြို့ပြလက်ရှိအခြေအနေ။ (ဧပြီ ၁၁၊ ၂၀၂၂) 
ယူကရိန်းနိုင်ငံ့တောင်ပိုင်း Mariupol မြို့တွင်း ရုရှားထောက်ခံတဲ့ တပ်ဖွဲ့တွေရဲ့တင့်ကားတစီးနဲ့ မြို့ပြလက်ရှိအခြေအနေ။ (ဧပြီ ၁၁၊ ၂၀၂၂) 

[[Zawgyi/unicode]]

ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသကို တိုးချဲ့စစ်ဆင်ဖို့ ရုရှားတပ်တွေက ပြင်ဆင်နေတဲ့အချိန်မှာပဲ တောင်ပိုင်းက ဆိပ်ကမ်းမြို့ Mariupol မြို့ကို ထိန်းချုပ်နိုင်အောင်လည်း ကြိုးစားနေကြတယ်လို့ ယူကရိန်းက အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ရုရှားသမ္မတပူတင်နဲ့ မနေ့က တွေ့ခဲ့တဲ့ Austrian ဝန်ကြီးချုပ် Karl Nehammer ကလည်း အကောင်းဘက်ပြောစရာ သူ့မှာ မရှိပါဘူးလို့ဆိုလိုက်ပြီး ရုရှားက ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ် ကြီးကြီးမားမားဆင်နွှဲဖို့ ပြင်ဆင်နေပါတယ်လို့ ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ လာမယ့် ၂ ပတ် ၃ ပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Donetsk ဒေသက ရုရှားလိုလားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တယောက် ပြောဆိုချက်ကို ကိုးကားပြီး Mariupol မြို့မှာ ရုရှားတပ်တွေဟာ ဓာတုလက်နက်ကို အသုံးပြုကောင်း ပြုခဲ့မယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ အဲဒီလို အတည်မပြုနိုင်တဲ့ သတင်းတွေရရှိခဲ့ပြီး မိတ်ဘက်တွေနဲ့ အသေးစိတ်ဆန်းစစ်နေပါတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Liz Truss က ပြောပါတယ်။ အဲဒီသတင်းဟုတ်ခဲ့ရင် အလွန်အမင်း စိုးရိမ်စရာကောင်းတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ဆိုပါတယ်။

Mariupol မြို့ကို တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အရပ်သား ပြည်သူတသောင်းကျော် သေဆုံးခဲ့တယ်လို့ မြို့တော်ဝန် Vadym Boychenko က ပြောပါတယ်။ ဒီ အချိန်မှာပဲ ဆွီဒင်နဲ့ ဖင်လန်နိုငံတွေကို နေတိုး အဖွဲ့မဝင်ကြဖို့ ရုရှားက သတိပေးလိုက်ပါတယ်။

ယူကရိန်းကို တိုက်ခဲ့တာ ၄၇ ရက်အကြာမှာ ရုရှားက ဒုံးကျည် ၁,၅၀၀ ပစ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ ရုရှား ကျူးကျော်စစ်ကြောင့် နေအိမ်စွန့်ခွါ ထွက်ပြေးရသူပေါင်း ၁၁ သန်းကျော် ရှိနေတယ် လို့ ကုလသမဂ္ဂက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[unicode]]







================

XS
SM
MD
LG