သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္းေဆြးေႏြးပြဲ တိုးတက္မႈတခ်ိဳ႕ရရွိ


ယူကရိန္သမၼတအႀကံေပးနဲ႔ ယူကရိန္းကိုယ္စားလွယ္အဖြဲ႔ဝင္ မီခီလို ပိုဒိလိတ္ခ္- တူရကီႏုိင္ငံ၊ အစၥတန္ဘူလ္မွာ ႐ုရွားကိုယ္စားလွယ္အဖြဲ႔နဲ႔ေဆြးေႏြးအၿပီး သတင္းဌာနမ်ားနဲ႔ေတြ႔ဆံုစဥ္။ (မတ္လ ၂၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ဘုံနားလည္မႈနဲ႔ တသေဘာတည္းအဆင့္ကို ေရာက္ေနၿပီလို႔ တူရကီႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးေနၾကတာပါ။

ႏွစ္ဘက္လုံးဟာ အစည္းအေဝးစကတည္းက အဓိပၸါယ္အရွိဆုံး တိုးတက္မႈရွိေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ၾကတယ္ လို႔ Mr. Mevlut Cavusoglu က ဆိုပါတယ္။ အခု အစည္းအေဝးေနာက္မွာ ႐ုရွားနဲ႔ယူကရိန္း ႏိုင္ငံျခားေရး ဝန္ႀကီးေတြရဲ႕ အစည္းအေဝးလိုက္လာမယ္လို႔ သူက ေျပာပါတယ္။ ႐ုရွားနဲ႔ယူကရိန္း ေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးက အစီအစဥ္ရွိေပမယ့္ အခ်ိန္ကာလကိုေတာ့ တူရကီႏိုင္ငံျခားေရး ဝန္ႀကီးက မေျပာပါဘူး။ ခက္ခဲတဲ့ ျပႆနာေတြကိုေတာ့ အထက္ကို ယူသြားၾကပါလိမ့္မယ္လို႔ သူက ေျပာေၾကာင္း ေအပီသတင္းက ဆိုပါတယ္။

ကိဗ္ၿမိဳ႕ ဝန္းက်င္က စစ္ေရးလႈပ္ရွားမႈေတြကို ေလွ်ာ့ခ်မယ္လို႔ အဂၤါေန႔ အစည္းအေဝးမွာ ႐ုရွားက ကတိျပဳလိုက္ေၾကာင္း ႐ိုက္တာသတင္းဌာနက ေျပာပါတယ္။ ၾကားေန အေနအထားယူမွာျဖစ္ေပမယ့္ ႏိုင္ငံတကာက အာမခံခ်က္ရွိရမယ္လို႔ ယူကရိန္းကလည္း အစည္းအေဝးမွာ ေျပာပါတယ္။ ေနာက္ဆုံးမွာ သေဘာတူညီခ်က္ ရရွိေအာင္ ဆက္လက္ ေဆြးေႏြးပြဲေတြျဖစ္ဖို႔ ယုံၾကည္မႈတိုးၿပီး လိုအပ္တဲ့ အေျခအေနျဖစ္ေပၚလာေအာင္ Kyiv နဲ႔ Chernihiv ကို ဦးတည္တဲ့ စစ္ေရးလႈပ္ရွားမႈေတြကို အႀကီးအက်ယ္ ေလွ်ာ့ခ်ပါမယ္လို႔ ႐ုရွား ကာကြယ္ေရး ဒုတိယဝန္ႀကီး Alexander Fomin က သတင္းေထာက္ေတြကို ေျပာပါတယ္။

#UkraineCrisis #RussiaUkraineTalk #VOABurmese #ယူကရိန္း #႐ုရွား #တူရကီ #ေဆြးေႏြးပြဲတိုးတက္မႈရွိ #ဗီြအိုေအ
================

[[Unicode]]

ရုရှား-ယူကရိန်းဆွေးနွေးပွဲ တိုးတက်မှုတချို့ရရှိ

ရုရှားနဲ့ယူကရိန်းတို့ဟာ ဘုံနားလည်မှုနဲ့ တသဘောတည်းအဆင့်ကို ရောက်နေပြီလို့ တူရကီနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ မျက်နှာချင်းဆိုင် ဆွေးနွေးနေကြတာပါ။

နှစ်ဘက်လုံးဟာ အစည်းအဝေးစကတည်းက အဓိပ္ပါယ်အရှိဆုံး တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြတယ် လို့ Mr. Mevlut Cavusoglu က ဆိုပါတယ်။ အခု အစည်းအဝေးနောက်မှာ ရုရှားနဲ့ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးလိုက်လာမယ်လို့ သူက ပြောပါတယ်။ ရုရှားနဲ့ယူကရိန်း ခေါင်းဆောင်တွေရဲ့ အစည်းအဝေးက အစီအစဉ်ရှိပေမယ့် အချိန်ကာလကိုတော့ တူရကီနိုင်ငံခြားရေး ဝန်ကြီးက မပြောပါဘူး။ ခက်ခဲတဲ့ ပြဿနာတွေကိုတော့ အထက်ကို ယူသွားကြပါလိမ့်မယ်လို့ သူက ပြောကြောင်း အေပီသတင်းက ဆိုပါတယ်။

ကိဗ်မြို့ ဝန်းကျင်က စစ်ရေးလှုပ်ရှားမှုတွေကို လျှော့ချမယ်လို့ အင်္ဂါနေ့ အစည်းအဝေးမှာ ရုရှားက ကတိပြုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။ ကြားနေ အနေအထားယူမှာဖြစ်ပေမယ့် နိုင်ငံတကာက အာမခံချက်ရှိရမယ်လို့ ယူကရိန်းကလည်း အစည်းအဝေးမှာ ပြောပါတယ်။ နောက်ဆုံးမှာ သဘောတူညီချက် ရရှိအောင် ဆက်လက် ဆွေးနွေးပွဲတွေဖြစ်ဖို့ ယုံကြည်မှုတိုးပြီး လိုအပ်တဲ့ အခြေအနေဖြစ်ပေါ်လာအောင် Kyiv နဲ့ Chernihiv ကို ဦးတည်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အကြီးအကျယ် လျှော့ချပါမယ်လို့ ရုရှား ကာကွယ်ရေး ဒုတိယဝန်ကြီး Alexander Fomin က သတင်းထောက်တွေကို ပြောပါတယ်။

#UkraineCrisis #RussiaUkraineTalk #VOABurmese #ယူကရိန်း #ရုရှား #တူရကီ #ဆွေးနွေးပွဲတိုးတက်မှုရှိ #ဗွီအိုအေ
================

XS
SM
MD
LG