သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားတပ္ေတြ ယူကရိန္းမွာ စစ္ရာဇဝတ္မႈ က်ဴးလြန္ေနဟု ကန္က ႐ုရွားအစိုးရကိုသတိေပး


BELARUS-RUSSIA-DEFENCE-ARMY

[[Zawgyi/Unicode]]

႐ုရွားတပ္ဖြဲ႔ေတြ ယူကရိန္းမွာ စစ္ရာဇဝတ္မႈက်ဴးလြန္ေနတဲ့ သတင္းေတြအေပၚ အေမရိကန္ကလည္း ႐ုရွားကို သတိေပးလိုက္ပါတယ္။

စစ္ျဖစ္ေနတဲ့ ႐ုရွားနဲ႔ယူကရိန္းၾကား အဆင့္ျမင့္ေဆြးေႏြးပြဲေတြ တိုးတက္မႈမရွိေသးခ်ိန္၊ ႐ုရွားဟာ ယူကရိန္းျပည္သူ ေနထိုင္ရာေတြကို ထိခိုက္ပ်က္စီးမႈေတြ အႀကီးအက်ယ္ျဖစ္ေအာင္ မဟာဗ်ဴဟာနဲ႔ လုပ္လာေနတယ္လို႔ အေမရိကန္အရာရွိေတြက မေန႔က ေဝဖန္လိုက္ ပါတယ္။

“အရပ္သားေတြကို တမင္ပစ္မွတ္ထားတိုက္ခိုက္ေနတယ္ဆိုတဲ့ ခိုင္မာတဲ့ သတင္းအခ်က္အလက္ေတြ ရရွိထားၿပီး ဒါဟာ ဂ်နီဗာကြန္ဗန္းရွင္းအရ စစ္ရာဇဝတ္မႈေတြ ျဖစ္တယ္” လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ဆိုၿပီး ႐ုရွားက က်ဴးလြန္ေနတယ္လို႔ေတာ့ တိုက္႐ိုက္ မစြပ္စြဲသြားပါဘူး။ ႐ုရွားသမၼတ Vladimir Putin အေနနဲ႔ ယူကရိန္းကို ခပ္ျမန္ျမန္ သိမ္းပိုက္ႏိုင္ဖို႔ စီစဥ္ခဲ့ေပမယ့္ မေအာင္ျမင္ဘူးဆိုတာ ခုခ်ိန္မွာ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္တယ္လို႔လည္း ေျပာခြင့္ရ Price က ေထာက္ျပပါတယ္။

႐ုရွားသမၼတ ပူတင္ဟာ ယူကရိန္းျပည္သူေတြရဲ႕ ဆႏၵေတြကို ႐ိုက္ခ်ိဳးသိမ္းပိုက္ဖို႔ ႀကိဳးစားေပမဲ့ ျဖစ္မလာတဲ့အခါ အရပ္သားေနထိုင္ရာေတြကို အခုလိုမဲၿပီး ေျပာင္းလဲတိုက္ခိုက္ဖ်က္စီးလာတာလို႔လည္း Ned Price က အျပစ္တင္လိုက္ပါတယ္။

ဒါေပမယ့္ အခုလို ယူကရိန္းစစ္ပြဲမွာ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတယ္ ဆိုတဲ့ စြပ္စြဲခ်က္ကို ႐ုရွားဘက္ကေတာ့ ျငင္းထားပါတယ္။

ပိုလန္ကိုေရာက္ေနတဲ့ အေမရိကန္ ဒုသမၼတ Kamala Harris ကလည္း ႐ုရွားက်ဳးေက်ာ္စစ္ ထဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္မႈ ရွိမရွိ ကုလသမဂၢက စံုစမ္း စစ္ေဆးသြားဖို႔ ေထာက္ခံတယ္လို႔ ေျပာထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ရုရှားတပ်တွေ ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေဟု ကန်က ရုရှားအစိုးရကိုသတိပေး

ရုရှားတပ်ဖွဲ့တွေ ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ သတင်းတွေအပေါ် အမေရိကန်ကလည်း ရုရှားကို သတိပေးလိုက်ပါတယ်။

စစ်ဖြစ်နေတဲ့ ရုရှားနဲ့ယူကရိန်းကြား အဆင့်မြင့်ဆွေးနွေးပွဲတွေ တိုးတက်မှုမရှိသေးချိန်၊ ရုရှားဟာ ယူကရိန်းပြည်သူ နေထိုင်ရာတွေကို ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ်ဖြစ်အောင် မဟာဗျူဟာနဲ့ လုပ်လာနေတယ်လို့ အမေရိကန်အရာရှိတွေက မနေ့က ဝေဖန်လိုက် ပါတယ်။

“အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ရရှိထားပြီး ဒါဟာ ဂျနီဗာကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဆိုပြီး ရုရှားက ကျူးလွန်နေတယ်လို့တော့ တိုက်ရိုက် မစွပ်စွဲသွားပါဘူး။ ရုရှားသမ္မတ Vladimir Putin အနေနဲ့ ယူကရိန်းကို ခပ်မြန်မြန် သိမ်းပိုက်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ဘူးဆိုတာ ခုချိန်မှာ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့လည်း ပြောခွင့်ရ Price က ထောက်ပြပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းပြည်သူတွေရဲ့ ဆန္ဒတွေကို ရိုက်ချိုးသိမ်းပိုက်ဖို့ ကြိုးစားပေမဲ့ ဖြစ်မလာတဲ့အခါ အရပ်သားနေထိုင်ရာတွေကို အခုလိုမဲပြီး ပြောင်းလဲတိုက်ခိုက်ဖျက်စီးလာတာလို့လည်း Ned Price က အပြစ်တင်လိုက်ပါတယ်။

ဒါပေမယ့် အခုလို ယူကရိန်းစစ်ပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ရုရှားဘက်ကတော့ ငြင်းထားပါတယ်။

ပိုလန်ကိုရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris ကလည်း ရုရှားကျုးကျော်စစ် ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂက စုံစမ်း စစ်ဆေးသွားဖို့ ထောက်ခံတယ်လို့ ပြောထားပါတယ် ခင်ဗျာ။

==================

XS
SM
MD
LG