သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၁ ကြိမ်မြောက် ကုလသမဂ္ဂနေ့

(၇၁)ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
(၇၁)ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

အောက်တိုဘာလ ၂၄ ရက်နေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၁) ကြိမ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

ဒီ နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သဝဏ်လွှာ ပေးပို့တာမှာ - ကုလသမဂ္ဂအဖွဲ့ကြီးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့တို့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ စွမ်းပကားကို ပေါင်းစည်းတဲ့ အထင်ကရ အဖွဲ့အစည်းတခုအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂနှစ်ပတ်လည်နေ့အတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်တဲ့ သဝဏ်လွှာထဲမှာတော့ - အခုနှစ် ကျင်းပတဲ့ နှစ်ပတ်လည်ပွဲဟာ ကမ္ဘာကြီးနဲ့ ကုလသမဂ္ဂတို့အတွက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်ကာလ ဖြစ်နေကြောင်း၊ ကုလသမဂ္ဂဟာ အတွင်းရေးမှူးချုပ် ၈ ယောက်မြောက်တာဝန်ထမ်းဆောင်ခဲ့ရာကနေ အခု ၉ ယောက်မြောက်ကို တာဝန်လွဲပြောင်းပေးရမယ့် စပ်ကူး မတ်ကူးကာလဖြစ်ကြောင်း၊ ကုလသမဂ္ဂကို ထောက်ခံအားပေးတဲ့ ကမ္ဘာအဝှမ်းက ပြည်သူ ပြည်သားတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာလည်း နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့တာမှာ နယူးယောက် မြို့တော်ဝန် Bill de Blasio တက်ရောက်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ကို ကုလသမဂ္ဂနေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် အခမ်းအနားကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တကေ်ရာက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတိုးတက်ရေးအတွက် ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံကြား ၂ ဘက်ရှိနေတဲ့ စိုးရိမ်မှုတွေကို မိတ်ဆွေကောင်းတွေအတိုင်း ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားပြောဆို ဆွေးနွေးစေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

၇၁ ကြိမ်မြောက် ကုလသမဂ္ဂနေ့
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG