သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားနဲ့ ကန် ထိပ်တိုက်ရင်ဆိုင်မှု ကုလစိုးရိမ်


ကိုရီးယားကျွန်းဆွယ် အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား ထိပ်တိုက်ရင်ဆိုင်တဲ့ အပြန်အလှန် ပြောဆိုမှုတွေ ပိုမို များပြားလာတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အထူးစိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က လုံခြုံရေး ကောင်စီက တညီတညွတ်ထဲ ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ထပ်မံကြိုဆိုလိုက်ပြီး ဒီပြဌာန်းချက်ဟာ ပြဿနာ အတွက် ငြိမ်းချမ်းသော သံတမန်ရေး၊ နိုင်ငံရေးအရ ဖြေရှင်းချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။

လုံခြုံရေးကောင်စီရဲ့ ကန့်ကွက်သူ မရှိတဲ့ ဒီပြဌာန်းချက်ဟာ တင်းမာမှု လျော့ပါးရေးအတွက် လမ်းပြမြေပုံ ဖြစ်ပါတယ်။ ဒီပြဌာန်းချက်ကို အားလုံး လိုက်နာကြဖို့နဲ့ တင်းမာမှု လျော့ပါးရေး နည်းလမ်းရှာကြဖို့ အားပေးလိုပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စု နယ်မြေတခုဖြစ်တဲ့ Guam ကျွန်းကို ပဲ့ထိန်းတပ် ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ ဆိုထားသလို သမ္မတ Donald Trump ကလည်း မီးကုန် ယမ်းကုန် တုန့်ပြန်မယ်လို့ ပြောကြားထားပါတယ်။

ဗြိတိန်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံး အစီအစဉ် ရပ်ဆိုင်းရေးအတွက် အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတဝှမ်း မဟာမိတ်တွေနဲ့ အနီးကပ် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ သမ္မတ Trump တို့ရဲ့ အပြန်အလှန် ကြုံးဝါး ခြိမ်းခြောက် နေကြမှုတွေကြောင့် အာရှ၊ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ အစုရှယ်ယာ ဈေးတွေ ကျဆင်းသွားပြီး ခိုင်လုံ စိတ်ချရတဲ့ ရွှေဝယ် စုဆောင်းမှုကို လူကြိုက်များလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG